တရုတ်နိုင်ငံတွင် NLD မဲဆွယ်စည်းရုံးရေး အင်အားပြ၍ ထိန်းသိမ်းခံရသူ ၉၀၁ ဦးကို ပြန်လွှတ်ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 9, 2020

တရုတ်နိုင်ငံတွင် NLD မဲဆွယ်စည်းရုံးရေး အင်အားပြ၍ ထိန်းသိမ်းခံရသူ ၉၀၁ ဦးကို ပြန်လွှတ်ပေး

မင်းဇော်မင်း    

.

တရုတ်နိုင်ငံကြယ်ဂေါင်မြို့နှင့် ရွှေလီမြို့အတွင်း အောက်တိုဘာ ၈ ရက်က NLD ပါတီ မဲဆွယ်စည်းရုံးရေး အင်အားပြ၍ ထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသား ၉၀၁ ဦးကို ရွှေလီရဲတပ်ဖွဲ့မှ တရုတ်စံတော်ချိန် ည ၁၂ နာရီခွဲတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ရွှေလီအခြေစိုက် မိုးမခ ဖောင်ဒေးရှင်းမှ သိရသည်။

.

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၉၀၄ ဦး ရှိပြီး ပြန်လည် စေလွှတ်ခံရသူမှာ ၉၀၁ ဦးရှိသဖြင့် ၃ ဦး ကျန်ရှိနေပြီး ၎င်းတို့မှာ မဲဆွယ်စည်းရုံးရေး အင်အားပြပွဲ ဦးဆောင်သူ ၃ ဦး ဖြစ်ကြောင်း သိရသည်။

.


 

ခေါင်းဆောင်တဲ့  ၃ ဦးကိုတော့ ပြန် မလွှတ်တ်သေးဘူးမနန်းစုကိုရဲနဲ့ အခြားတစ်ယောက် နာည် မသိရဘူးသူတို့ကိုလည်း ရသမျှ ကူညီစောင့်ရှောက်ပေးနေတယ်ကလေးအမေတွေ ၁၅ ဦးကျော် ပါတယ်အမျိုးသမီးတွေ ၃၀၀ ကျော်လောက် ရှိမယ်ကျန်းမာရေး မစစ်ရသေးတဲ့သူတွေ တစ်ခါတည်း ဆေးစစ်ပေးပြီး လက်မှတ် ထုတ်ပေးတာ။ COVID-19 ရောဂါထိန်းချုပ်မှု လူစုလူဝေး မလုပ်ရတဲ့ စည်းကမ်းချက်တွေ ဝေပေးတာ ပြုလုပ်ပေးပြီး ကြယ်ဂေါင်၊ ရွှေလီ နေရပ်တွေ ပြန်ပို့ပေးတယ်။” ဟု မိုးမခ ဖောင်ဒေးရှင်းမှ ဒေါ်မိုးမခက ပြောသည်။

.

မဲဆွယ် စည်းရုံးရေး အင်အားပြသဖြင့် ဖမ်းခံရသူ ၉၀၄ ဦးတွင် ကျန်းမာရေး မစစ်ထားသူ ၄၀ ကျော် ပါနေသဖြင့် ၎င်းတို့ကို ကျန်းမာရေး စစ်ဆေးပေးခြင်း ပြုလုပ်ခဲ့ပြီး COVID-19 ရောဂါထိန်းချုပ်မှု ဥပဒေစည်းကမ်း သတ်မှတ်ချက်များအရ အရေးယူ ဖမ်းဆီးခြင်းသာ ဖြစ်ကြောင်းနှင့် ပြန်လည် စေလွှတ်သူများကို နောက်နောင်တွင် ဥပဒေစည်းကမ်းများအား လိုက်နာရန် အသိပညာပေးပြီး စာရွက်စာတမ်းများ ပေးကာ ပြန်လည်စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

တရုတ်နိုင်ငံတွင် စုဝေး စည်းရုံးရေး လမ်းလျှောက်ရေး၊ ဆန္ဒပြရေး ဥပဒေတွင် အုပ်ချုပ်ရေးဦးစီးဌာနသို့ လျှောက်လွှာ တင်၍ ခွင့်ပြုချက် ရယူရန် ဖြစ်ပြီး နိုင်ငံခြားသားများသည် တရုတ်နိုင်ငံအတွင်း စုရုံးစည်းဝေးပွဲ၊ လှည့်လည် ဆန္ဒပြပွဲများကို ကျင်းပ ဆောင်ရွက်လျှင် ယင်းဥပဒေနှင့် အကျုံးဝင်ကြောင်း၊ ခွင့်ပြုချက် မရပါကနိုင်ငံခြားသားများ အနေဖြင့် တရုတ်နိုင်ငံသားများ ကျင်းပသည့် စုရုံးစည်းဝေးပွဲ၊ လှည့်လည် ဆန္ဒပြပွဲများတွင် ပါဝင်ခွင့် မပြုကြောင်း၊ လက်နက် ကိုင်ဆောင်ခြင်း၊ ဓားများ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ကိုင်ဆောင် စုရုံးဆန္ဒပြခွင့် မရှိဘဲ တရားဥပဒေ ဖောက်ဖျက်၍ ပြစ်မှု ကျူးလွန်သည့် လှုပ်ရှားမှုများ ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း ပါရှိသည်။

.

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့နယ်အတွင်း တရားဝင် စာအုပ်ဖြင့် နေထိုင်သူ မြန်မာနိုင်ငံသား ၉၀၄ ဦးသည် မနန်းစု၊ ကိုရဲတို့၏ ဦးဆောင်မှုဖြင့် အောက်တိုဘာ ၈ ရက်နံနက် ၁၀ နာရီက ကြယ်ဂေါင်ရှိ မနောကွင်းမှ ရွှေလီမြို့ ပန်းခြံသို့ လူအင်အား ၉၀၄ ဦးဖြင့် ဆိုင်ကယ်များ စီးကာ NLD အင်္ကျီများ ဝတ်ဆင်ခြင်း၊ အလံများ ကိုင်ဆောင်ပြီး ကြွေးကျော်သံများဖြင့် လှည့်လည်ခဲ့ရာ တရုတ်နိုင်ငံအတွင်း ထုတ်ပြန်ထားသည့် လူစုလူဝေး ဥပဒေဖြင့် ထိန်းသိမ်းခံရခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About