ဆိုင်းနှောင်
.
COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လူစုလူဝေး
မပြုလုပ်ရန် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားထား သော်လည်း နိုင်ငံရေးပါတီများမှ အင်အားပြ
လှည့်လည်မှုများနှင့် ပတ်သက်၍ မေတ္တာရပ်ခံရုံသာ တတ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရှမ်းပြည်နယ် အောင်နိုင်ရေး ဥက္ကဋ္ဌ ဦးစိုးညွန့်လွင်က ပြောဆိုခဲ့သည်။
.
.နိုင်ငံရေးပါတီများအနေဖြင့် COVID-19 ဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်ပြီး လူစုလူဝေးဖြင့် အင်အားပြ မဲဆွယ်
စည်းရုံးမှုများအပေါ် ဦးစိုးညွန့်လွင်က အောက်တိုဘာလ ၁၉ ရက်တွင် သတင်းမီဒီယာများနှင့်
တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“ကျွန်တော့် အနေနဲ့ ရွေးကောက်ပွဲ campainge
ကာလမှာကတော့ ပါတီအသီးသီးက ဝန်းရံသူတွေက ဆိုင်ကယ်တွေ ကားတွေနဲ့ လူတွေ
ထောင်ချီ ထွက်လာကြတာလည်း တွေ့တယ်။ သို့သော် ရှမ်းအစိုးရ အနေနဲ့ကတော့ မေတ္တာ ရပ်ခံရုံကလွဲပြီး
ဘာမှမတတ်နိုင်ဘူး။ လက်ရှိ COVID-19 ကပ်ရောဂါက အရေးကြီးသလို
ရွေးကောက်ပွဲကလည်း အရေးကြီးပါတယ်။ တစ်ဘက်ကလည်း ပြည်သူလူထုရဲ့ စားဝတ်နေရေးကလည်း
အရေးကြီးပါတယ် အလားတူပါပဲ ကျနော်တို့ NLD ရဲ့ပါတီ
အောင်နိုင်ရေးကလည်း အရမ်းအရေးကြီးပါတယ် ” ဟု ဦးစိုးညွှန့်လွင်က ပြောသည်။
.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လာမည့်
နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ
ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း၌ ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒနယ် ၄၆ နေရာ၊
အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ် ၁၁ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်တွင် မဲဆန္ဒနယ်
၉၂ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ၇ နေရာ၊ စုစုပေါင်း ၁၅၆ နေရာတွင်
ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment