နမ့်ခမ်းမြို့နယ်တွင် ခဲယမ်းများ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 11, 2020

နမ့်ခမ်းမြို့နယ်တွင် ခဲယမ်းများ သိမ်းဆည်းရမိ

စိုင်းသိင်္ခသူ

.

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် အောက်တိုဘာလ ၁၀ ရက်၊ နံနက်ပိုင်းက ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

.


.

နယ်မြေအတွင်းလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၀ ရက်၊ နံနက် ၇ နာရီခွဲခန့်က မုံးဝီးကျေးရွာ၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာသို့အရောက်၌ ပန်ရှောကျေးရွာဘက်မှ မန်ဆက်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် တစ်စီးအားတွေ့ရှိသဖြင့် စစ်ဆေးရန်ရပ်တန့်စေခဲ့ရာ ဆိုင်ကယ် မောင်းနှင်သူမှာ ဆိုင်ကယ်အား ရပ်တန့်၍ လျှိုအတွင်းဝင်ရောက် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

.

သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်ထားခဲ့သည့် မော်တော်ဆိုင်ကယ်အား သွားရောက်စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံအနောက်တွင် တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ RPG ဒုံးသီး (ပို့ကျည်ပါ) ၅ လုံး၊ အီနာဂါဗုံးသီး (ပို့ကျည်မပါ) ၁၇ လုံးနှင့် ၄၀ မမဗုံးသီး ၈ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သိမ်းဆည်းရမိ မော်တော်ဆိုင်ကယ်နှင့် ခဲယမ်းများအား လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About