နောင်ချိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

နောင်ချိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ဖမ်းမိ

အောင်ဆန်း

.

နောင်ချိုမြို့နယ်၊ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်တွင် အောက်တိုဘာလ ၁၁ ရက်၊ နံနက်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြားအား သယ်ဆောင်လာသူ ၃ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.


.

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၁ ရက်၊ နံနက် ၉ နာရီခွဲခန့်က သက်သေများနှင့်အတူ နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေး သွားကားလမ်းတွင် မော်တော်ယာဉ်များအား ရှာဖွေ စစ်ဆေးနေစဉ် နောင်ချိုမြို့ဘက်မှ ပြင်ဦးလွင်မြို့ဘက်သို့ သီပေါမြို့နယ်၊ မိုင်းလင်းကျေးရွာအုပ်စု၊ ဆီဆုံကျေးရွာနေ စိုင်းမိုးလွင် မောင်းနှင်ပြီး သန်လျင်မြို့နယ်၊ သောက်တော်တွင်း ရပ်ကွက်နေ ကျော်လင်းအောင် စီးနင်းလိုက်ပါ လာသည့်မော်တော်ဆိုင်ကယ်နှင့် သုံးခွမြို့နယ်၊ (၃)ရပ်ကွက် နေ မျိုးမင်းအောင်(ခ)အီစ္စမန် စီးနင်းမောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ မျိုးမင်းအောင်(ခ)အီစ္စမန် လွယ်ထားသော ကျောပိုးအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၀ဝ၀ဝ ပြား၊ ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၃၀ဝ သိန်း၊ မြန်မာငွေ ၂၅၀ဝ၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စိုင်းမျိုးလွင်၊ ကျောလင်းအောင်နှင့် မျိုးမင်းအောင် (ခ) အီစ္စမန်တို့ ၃ ဦးအား နောင်ချို မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats