နန့်ပန်တက်ဂိတ်ရှိ အတားအဆီးများအား ဖယ်ရှား မောင်းနှင်ခဲ့သည့် ယာဉ်များအနက် ၁၀ စီးမှ ယာဉ်မောင်းများအား ဖမ်းဆီး အမှုဖွင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, October 14, 2020

နန့်ပန်တက်ဂိတ်ရှိ အတားအဆီးများအား ဖယ်ရှား မောင်းနှင်ခဲ့သည့် ယာဉ်များအနက် ၁၀ စီးမှ ယာဉ်မောင်းများအား ဖမ်းဆီး အမှုဖွင့်

စိုင်းသိင်္ခသူ      

.

ကလောမြို့နယ်၊ နန့်ပန်တက်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်မှ တားအဆီးများအား အောက်တိုဘာ ၁၂ ရက်ညပိုင်းက ညွှန်ကြားချက်အား မလိုက်နာဘဲ ဖယ်ရှား၍ ဖြတ်သန်း မောင်းနှင်ခဲ့သည့် ယာဉ်များအနက် ဖမ်းဆီးရမိသည့် ယာဉ် ၁၀ စီးမှ ယာဉ်မောင်းများအား အမှုဖွင့် ဖမ်းဆီးကာ တရားစွဲ တင်နိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

.


 

မနေ့က ၈ စီး ကိုတော့ အမှု ဖွင့်ထားပြီး ဒီနေ့မနက် ထပ် မိတဲ့ ၂ စီးကိုတော့ ညနေမှာ အခြား ထပ်မိမယ့် ကားတွေနဲ့ ပေါင်းပြီး အမှုဖွင့်မှာ ဖြစ်ပါတယ်။” ဟု ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

န့်ပန်တက် စစ်ဆေးရေးဂိတ်အား အောက်တိုဘာ ၁၂ ရက်ညနေ ၆ နာရီတွင် အတက်/အဆင်း ခေတ္တ ပိတ်ထားချိန်၌ စောင့်ဆိုင်းနေသည့် မော်တော်ယာဉ် အစီးရေ ၃၀၀ ခန့်အနက် ယာဉ်၀၀ ကျော်ခန့်သည် ညွှန်ကြားချက်အား မလိုက်နာဘဲ ဂိတ် အတားအဆီးများကို ဖယ်ရှားမောင်းနှင်ခဲ့ကြခြင်း ဖြစ်ပြီး ယင်းအနက် အောက်တိုဘာ ၁၃ ရက်တွင် ၈ စီး၊ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ၂ စီးတို့ကို ဖမ်းဆီးအမှုဖွင့် အရေးယူခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်း ဖမ်းဆီးခဲ့သော ယာဉ်မောင်များအား Quarantine Center တွင် ထားရှိပြီး ယာဉ်ပေါ်ပါ ကုန်/ပစ္စည်းများအား ယာဉ်ပြောင်းလဲ သယ်ဆောင်ခွင့် ပြုမည် ဖြစ်ကြောင်းနှင့် ၎င်းတို့အား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က) ဖြင့် ကလော မြို့မရဲစခန်းတွင် အမှုဖွင့်ကာ တရားစွဲတင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About