မသီတာ
.
ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အသက် ၁ နှစ်မှ ၁၅ နှစ်အတွင်းရှိ
ကလေးငယ်များအား ဒုတိယအကြိမ် ဆုံဆို့နာ ကာကွယ်ဆေး ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းနှင့်
အမီလိုက်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို အောက်တိုဘာလ ဒုတိယပတ်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
.
ထိုသို့ ဆုံဆို့နာ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်
မိုင်းယန်းမြို့ပေါ်ရပ်ကွက်များရှိ ကလေးငယ် စုစုပေါင်း ၁၉၆ ဦးအား အသက်အရွယ်အလိုက် သတ်မှတ်ကာကွယ်ဆေးများကို
စနစ်တကျ ထိုးနှံတိုက်ကျွေး ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမီလိုက်ကာကွယ်ဆေး ထိုးနှံပေးမှုကို
မိုင်းယန်းမြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာန တာဝန်ခံ အမျိုးသမီးကျန်းမာရေးဆရာမ
ဒေါ်ဌေးဌေးခိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများက COVID-19 ကူးစက်ရောဂါကာလ ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment