မိုင်းယောင်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ လူနာတင်ယာဉ်ဝယ်ယူရန် အလှူငွေများ ပေးအပ်လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ လူနာတင်ယာဉ်ဝယ်ယူရန် အလှူငွေများ ပေးအပ်လှူဒါန်း

စိုင်းအောင်ဇော်လင်း

.

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ လူနာတင်ယာဉ် ဝယ်ယူရန်အတွက် အလှူငွေ ပေးအပ်ပွဲကို ယနေ့ အောက်တိုဘာလ ၂ ရက်၊ နံနက်ပိုင်းက မိုင်းယောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

လှူဒါန်းပွဲတွင် မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အရေးပေါ်လူနာတင်ယာဉ် မရှိသေးသည့်အတွက် လူနာတင်ယာဉ် ဝယ်ယူရန် မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဝန်ထမ်းများက အလှူငွေကျပ် ၅ သိန်း၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ဝန်ထမ်းများက အလှူငွေကျပ် ၂ သိန်း ပေးအပ်လှူဒါန်းရာ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

.

မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အနေဖြင့်  ယခု အခါ COVID-19 ရောဂါ ကာကွယ်ရေး အသိ ပညာပေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မတော်တဆ၊ မီးဘေး စသည့် သဘာဝဘေးဖြစ်ပွားချိန်တွင် လူ့အသက်ကို အချိန်မီ ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် အရေးပေါ် လူနာတင်ယာဉ် လိုအပ်လျက်ရှိရာ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးစိုးမြတ်ဟိန်း ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

.

Journal Download

Photo of three cats