မိုင်းယောင်းတွင် Mask Campign ပြုလုပ်ပြီး မတပ်ဆင်သူများကို ချက်ချင်းဝယ်ယူတပ်ဆင်စေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် Mask Campign ပြုလုပ်ပြီး မတပ်ဆင်သူများကို ချက်ချင်းဝယ်ယူတပ်ဆင်စေ

အားချာ

.

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အောက်တိုဘာလ ၁ ရက်၊ ညနေပိုင်းက နှာခေါင်းစည်း Mask တပ်ဆင် စေရေး Campign ပြုလုပ်နှိုးဆော်ခဲ့ပြီး မတပ်ဆင်သူများကို ချက်ချင်းဝယ်ယူတပ်ဆင်စေခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ Mask တပ်ဆင်ရေး လှုပ်ရှားမှုကို မိုင်းယောင်းမြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် Mask တပ်ဆင်ရေး ဆော်ဩပညာပေးစစ်ဆေးမှု ကြီးကြပ်ရေးအဖွဲ့ဖြစ်သည့် ဌာဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေသူနာပြုတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 .

Mask Campaign လှုပ်ရှားမှု ပြုလုပ်ရာတွင် လူတိုင်းနှာခေါင်းစည်း (Mask) တပ်ဆင်သွားလာမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ တပ်ဆင်မှုမရှိသူများကို ဒဏ်ကြေးအနေဖြင့် နှာခေါင်းစည်း (Mask)ကို ချက်ချင်း ဝယ်ယူတပ်ဆင် စေခြင်း ဆောင်ရွက် ခဲ့ပြီး ရရှိသည့် ဒဏ်ကြေးငွေများကိုလည်း နေ့ရက်အလိုက် စာရင်းပြုစုကာ မြို့နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ၌ ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း Mask တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

နှာခေါင်းစည်းတပ်ရေးလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် ကြပ်မတ်ဆောင်ရွက်လျက် ရှိခြင်းကြောင့် မိုင်းယောင်း မြို့နယ်တွင် အပြင်ထွက်သူတိုင်း နှာခေါင်းစည်းတပ်၍သွားလာမှု များပြားလာကြောင်း Mask တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့ထံက သိရသည်။

.

Journal Download

Photo of three cats