စိုင်းအောင်ဇော်လင်း
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ယမန်နေ့
အောက်တိုဘာလ ၉ ရက်က မြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းမှ အသင်းဝင်များ၏
တက္ကသိုလ်ဝင်တန်းအောင် သားသမီးများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အသင်းသူ၊ အသင်းသားများ၏ တက္ကသိုလ်ဝင်တန်းအောင်
သားသမီး ၅ ဦးအနက် ၃ ဘာသာ ဂုဏ်ထူးရှင်တစ်ဦးအား ၈၀၀၀၀ ကျပ်နှင့် ၄ ဦးအား ၅၀၀၀၀ ကျပ်စီတို့ကို
မြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးစိုင်းအောင်ဇော်လင်း၊
သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သန်းတင့်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း
သိရသည်။
.
ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေအပေါ်အတိုး ၁၁၈၉၆၉၅၀
ကျပ်နှင့် အသင်းသား တစ်ဦးလျှင် အစုပေါ်အမြတ်ငွေ ၂၄၀၀၀ ကျပ်စီဖြင့် စုစုပေါင်း အစုပေါ်အမြတ်ငွေ
၆၀၄၈၀၀၀ ကျပ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ
ညွှန်ကြားချက်များနှင့်အညီ ထုတ်ပေးခဲ့ ကြောင်း သိရသည်။
.
မိုင်းယောင်းမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်ကို
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က အသင်းသား ၅၀ ဦးဖြင့် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယခုအခါ
အသင်းသား ၂၆၇ ဦးရှိပြီး အသင်းသားများ၏ လူမှုရေး စသည့် အခက်အခဲများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း
သိရသည်။
.