စိုင်းအောင်ဇော်လင်း
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာလ
၂ ရက်၊ ညပိုင်းက ရိုးရာသီတင်းကျွတ် ဆီမီးပူဇော်ပွဲကို နေအိမ်၊ ဘုန်းတော်ကြီးကျောင်းနှင့်
ဘုရားစေတီများ၌ မိသားစုအလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
.ယခုနှစ်သည် မြန်မာပြက္ခဒိန်အားဖြင့် ဝါထပ်နှစ် ဖြစ်သည့်အတွက်
မိုင်းယောင်းသီတင်းကျွတ်မှာ မြန်မာသီတင်းကျွတ် လထက် တစ်လ စောခြင်းဖြစ်ကြောင်း သိရသည်။
.
မိုင်းယောင်းတွင် ချစ်ခင်စဖွယ် ရိုးရာဓလေ့စရိုက်များနှင့်
မြတ်နိုးစဖွယ်ကောင်းသော သီတင်းကျွတ်မီးထွန်းပွဲကို ရှေးနှစ်ပေါင်းများစွာကတည်း စတင်ပြီး
လက်ရှိအချိန်အထိ ဆင်ဆွဲပွဲ၊ ဆီမီးမျှောပွဲများနှင့်အတူ ရိုးရာမပျက် စည်ကားစွာ
နှစ်စဉ် ကျင်းပခဲ့သော်လည်း ယခုအခါ COVID-19 ရောဂါ
ပြည်တွင်းကူးစက်မှုမြင့်မားနေခြင်းကြောင့် မိသားစု အလိုက်သာ ဆီမီးများ
ထွန်းညှိပူဇော်ခဲ့ကြကြောင်း သိရသည်။
.
ဝါတွင်း ၃ လတွင် တာဝတိံသာနတ်ပြည်၌
မယ်တော်သန္တုဿိနတ်သားအပါအဝင် နတ်၊ ဗြဟ္မာတို့အား အဘိဓမ္မာတရား ဟောကြားပြီး
အဘိဓမ္မာအခါတော်နေ့၌ လူ့ပြည်သို့ ပြန်လည်ဆင်းသက်သော မြတ်စွာဘုရားအား ရည်မှန်း၍ ပန်း၊
ဆီမီး၊ ရေချမ်းတို့ဖြင့် ကပ်လှူပူဇော်ကြခြင်းဖြစ်ကြောင်း သိရသည်။
.