မိုင်းယန်းမြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ အခမဲ့ ဖြန့်ဝေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 13, 2020

မိုင်းယန်းမြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ အခမဲ့ ဖြန့်ဝေ

မသီတာ

ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၊ မြို့မဈေး အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်း စာစောင်နှင့် ပိုစတာများကို မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ အောက်တိုဘာလ ၁၂ ရက်က အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

.


မိုင်းယန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဉာဏ်သိန်းနှင့် တာဝန်ရှိသူများက မြို့မဈေးအတွင်း မြင်သာ ထင်ရှားသော နေရာများတွင် ပိုစတာများ ကပ်ခြင်း၊ ဈေးသည်များ၊ ဈေးဝယ်သူများနှင့် ဈေးရှေ့ ဖြတ်သန်း သွားလာသူများအား လက်ကမ်းစာ‌စောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

သက်ဆိုင်ရာမဲရုံများ၌ မဲဆန္ဒရှင် အမည်စာရင်းများကို ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၁ ရက်မှ ၁၄ ရက်အထိ ကပ်ထားပြီး ဖြစ်၍ ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါ/မပါ စစ်ဆေးနိုင်သည့် နောက်ဆုံးအခွင့်အရေး ဖြစ်ခြင်းကြောင့် သွားရောက်ကြည့်ရှုရန်၊ Online မှ တဆင့် မဲဆန္ဒရှင်စာရင်း စစ်ဆေးနိုင်သည့် နည်းလမ်းများ၊ COVID-19 ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်များ၊ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင် စာရင်း၌ မိမိအမည်ကို လွယ်ကူစွာ ရှာဖွေနိုင်ရန် သိထားရမည့် အချက်များ၊ မဲဆန္ဒရှင် စာရင်းတွင် မိမိမည် မပါဝင်ပါက ပုံစံ-၃ ဖြင့် လျှောက်ထားရန်၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ-၄ ဖြင့် ကန့်ကွက် လျှောက်ထားရန်၊  ကိုယ်ရေး အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ဖြည့်စွက်ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန် စသည့် အကြောင်းအရာများကိုလည်း နှိုးဆော်မှု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About