မိုင်းယောင်းမြို့နယ်ရှိ မဲရုံဝန်ထမ်းများအား ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးက ထောက်ပံ့ငွေများ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, October 10, 2020

မိုင်းယောင်းမြို့နယ်ရှိ မဲရုံဝန်ထမ်းများအား ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးက ထောက်ပံ့ငွေများ ပေးအပ်

စိုင်းအောင်ဇော်လင်း

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံသည် အောက်တိုဘာလ ၉ ရက်က၊ မိုင်းယောင်းမြို့နယ်အတွင်း၌ မဲရုံဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်မည့် သူများအား သွားရောက် တွေ့ဆုံ၍ ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.


ပြည်နယ်ဝန်ကြီးသည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ တာဝန်ရှိသူများနှင့်အတူ မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများ၊ အထူးရဲတပ်ဖွဲ့ဝင်များအား  အားပေးစကား ပြောကြားကာ ဆေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မိုင်းယောင်းမြို့နယ်ရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် နေရပ် အသီးသီးမှ ပြန်လည် ရောက်ရှိလာပြီးနောက် သတ်မှတ် Quarantine Center များ၌ နေထိုင်လျက်ရှိသည့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း တက်ရောက်နေသော အထူးရဲတပ်ဖွဲ့ဝင်တို့အား ပြည်နယ်ဝန်ကြီးက ဆေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

.


 

No comments:

Post a Comment

Journal Download

Photo of three cats

About