မင်းဇော်မင်း
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်မှ COVID-19 ရောဂါ အတည်ပြုလူနာ ၂ ဦးနှင့် ထိတွေ့ခဲ့သူများအား ယနေ့ အောက်တိုဘာလ ၁၇ ရက်က
စစ်ဆေးရာ အားလုံးတွင် ရောဂါပိုး တွေ့ရှိခြင်းမရှိကြောင်း သိရသည်။
.
.
အဆိုပါ လူနာ ၂ ဦးမှာ အောက်တိုဘာလ ၁၂ ရက်က တွေ့ရှိခဲ့သည့် ယာဉ်မောင်းနှင့်
၎င်းနှင့် ထိတွေ့ခဲ့သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးတို့ဖြစ်ကာ ထိတွေ့ဆက်စပ်ခဲ့သူ ၃၄
ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“အားလုံး Primary Contact ၃၄ ယောက်ရှိတယ်။ RDT အဖြေအရ Negative ဖြစ်ပါတယ်” ဟု မိုင်းတုံဆေးရုံမှ ဒေါက်တာသက်ခိုင်မင်းက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ထိတွေ့ခဲ့သူများအား Rapid antigen diagnostic test kit များဖြင့်
အောက်တိုဘာ ၁၇ ရက်၊ နံနက်ပိုင်းက စစ်ဆေးခဲ့ခြင်းဖြစ်ပြီး နောက် ၂ ရက်အကြာ
အောက်တိုဘာ ၁၉ ရက်တွင် ထပ်မံ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
အလားတူ ယင်းပိုးတွေ့လူနာယာဉ်မောင်းနှင့် ထိတွေ့ခဲ့သူ နမ့်စန်မြို့မှ
တစ်ဦးတွင်လည်း ရောဂါပိုး မတွေ့ရှိရကြောင်း သိရသည်။
.
ထို့အပြင် ယင်း ပိုးတွေ့လူနာယာဉ်မောင်းနှင့် မိုင်းဆတ်တွင်
ကွမ်းခြင်းချရင်းထိတွေ့ ခဲ့သည့် ပိုးတွေ့လူနာနှင့် ဆက်စပ်သဖြင့် Quarantine ဝင်နေရသူ ၅၅ ဦး၏
တို့ဖတ်နမူနာများအား အောက်တိုဘာ၁၆ ရက် ကရယူကာ ကျိုင်းတုံမှ တဆင့် တောင်ကြီးသို့
ပို့ဆောင်ထားကြောင်းသိရသည်။
.
No comments:
Post a Comment