မိုင်းတုံတွင် တောင်ကြီးမြို့မှ ပြန်လာသူတစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, October 12, 2020

မိုင်းတုံတွင် တောင်ကြီးမြို့မှ ပြန်လာသူတစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိ

မင်းဇော်မင်း

.

မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် တောင်ကြီးမြို့မှ ပြန်လည်ဝင်ရောက်လာသူ တစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိ ကြောင်း မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံမှ သိရသည်။

.


.

မိုင်းတုံမြို့အဝင် COVID-19 ရောဂါ စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ ၁၂ ရက်၊ မွန်းလွဲပိုင်းက တောင်ကြီးမြို့မှ ပြန်လည်ရောက်ရှိလာသူ ရှမ်းမင်းသားယာဉ်လိုင်းမှ အသက် ၂၇ နှစ်အရွယ် ယာဉ်မောင်းအား Rapid Antigen Diagnosis Test Kit ဖြင့် စစ်ဆေးရာမှ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ဆေးရုံက သီးသန့်ပြင်ဆင်ထားတဲ့အဆောင်မှာထားမယ်။ ဆက်ပြီး PCR မစစ်တော့ဘူး။ သူ့အိမ်လမ်းနဲ့ ဂိတ်ကို Lockdown ချထားနေပါပြီ။ တောင်ကြီးက ပြန်လာတာပါ။ သူ့လမ်းကြောင်းကို လိုက်နေပါပြီ” ဟု မိုင်းတုံဆေးရုံအုပ် ဒေါက်တာ သက်ခိုင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ယာဉ်မောင်းမှာ မိုင်းတုံမြို့၊ မြို့မရပ်ကွက်၊ ဆေးရုံအနီးတွင် နေထိုင်သူဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်က တောင်ကြီးမြို့သို့ ကွမ်းခြင်းများတင်ရန်အတွက် ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About