ငြိမ်းသူ
.
လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်းရှိ
ပိန်းကန်း၊ လုံကော်၊ ပန်စွဲ၊ ပန်နောင်၊ ခိုစုံ၊ ကျူလွယ် ကျေးရွာ ၆ ရွာတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ
ကျပ်သိန်း ၁၈၀၀ ကျော်ကို အောက်တိုဘာလ ၂၃ ရက်၊ နံနက်ပိုင်းက ထုတ်ချေးပေးခဲ့ကြောင်း မိုင်းရှူးမြို့နယ်
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
.
.
အဆိုပါ ကျေးရွာ ၆ ရွာတွင် COVID-19 ရောဂါ ကာလအတွင်း စိုက်ပျိုးရေး မွေးမြူရေး အရောင်းအဝယ် လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်အတွက် မြစိမ်းရောင်စီမံကိန်း အသင်းဝင်
၁၂၄ ဦးအား အတိုးငွေပြား ၅၀ နှုန်းဖြင့် ချေးငွေကျပ် ၁၈၅၂ သိန်းထုတ်ချေးပေးခဲ့ပြီး
မိုင်းရှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
မြို့နယ်ဦးစီးမှူး ဦးမင်းဦး နှင့်ဝန်ထမ်းများက COVID-19 ရောဂါကြိုတင်
ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ
စနစ်တကျဖြစ်စေရေး ကွင်းဆင်းကြီးကြပ် ပေးခဲ့ကြောင်း သိရသည်။
.
မိုင်းရှူးမြို့နယ်အတွင်း
မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးယခုအချိန်တွင် ကျေးရွာပေါင်း ၄၇ ရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
မြစိမ်းရောင်ရန်ပုံငွေထုတ်ချေးပေးခြင်းဖြင့် ကျေးရွာလူထုများအလုပ်အကိုင်အခွင့် အလမ်းနှင့် မိသားစုဝင်ငွေများ တိုးပွားလာခြင်း၊ ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို
လျှော့ချနိုင်ခြင်း၊ မြစိမ်းရောင်စီမံကိန်း မှ တိုးပွားလာသော ရန်ပုံငွေဖြင့်
ကျေးရွာအတွက်အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျေးရွာလူထု ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းစသည့်အကျိုးကျေးဇူး များရရှိစေမည်ဖြစ်ပြီး ကျေးရွာလူထု၏
စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့်
မမျှော်မှန်းနိုင်သောဘေးအန္တရာယ်များ
ကျရောက်လာပါက တုံ့ပြန်မှု အားကောင်းသောလူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်များဖြင့် မြစိမ်းရောင်စီမံကိန်းကို
အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment