ကမ္ဘောဇတိုင်း
.
မိုင်းဆတ်မြို့နယ်၊ စတုံးကျေးအုပ်စု၊ မယ်ကြုတ်ကျေးရွာအနီးတွင်
အောက်တိုဘာလ ၁ ရက်၊ နံနက်ပိုင်းက ငွေကျပ် သိန်းပေါင်း ၂၃၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊
အမှုန့်များအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
.လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုင်းဆတ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး
ဆောင်ရွက်နေစဉ် အောက်တိုဘာလ ၁ ရက်၊ နံနက် ၁၀ နာရီ၊ ၄၅ မိနစ်ခန့်က စတုံးကျေးရွာအုပ်စု၊
မယ်ကြုတ်ကျေးရွာအနီးတွင် မြေကြီးအတွင်းရှိ ကော်ပုံးများ အတွင်းမှ
ရေစိုပျက်စီးနေသော စိတ်ကြွရူးသွပ်ဆေးပြားအကြေအလေးချိန် ၉၅ ကီလို၊ ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း
၉၅၀ဝ နှင့် စိတ်ကြွရူးသွပ်ဆေးမှုန့်အလေးချိန် ၁၃၈ ကီလို၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်
သိန်း ၁၃၈၀ဝ၊ စုစုပေါင်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၂၃၃၀၀ အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့
လွှဲပြောင်းပေးအပ်ခဲ့ပြီး မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေးအတွက်
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.