မင်းဇော်မင်း
.
မိုင်းတုံမြို့တွင် အောက်တိုဘာလ ၁၂ ရက်က COVID-19 ရောဂါ အတည်ပြုလူနာတစ်ဦး
တွေ့ရှိပြီးနောက် ၎င်း၏ကားမှ ကွမ်းခြင်းများ ချပေးခဲ့သူ မိုင်းဆတ်မြို့မှ အလုပ်သမားတစ်ဦးတွင်
COVID-19 ရောဂါပိုး တွေ့ရှိကြောင်း မိုင်းဆတ်မြို့နယ် COVID-19 ရောဂါ စောင့်ကြည့်စစ်ဆေးကုသမှုကော်မတီ၏
ထုတ်ပြန်ချက်အရ သိရသည်။
.
.
အောက်တိုဘာလ ၇ ရက်က မိုင်းတုံမြို့မှ COVID-19 လူနာ ကွမ်းခြင်းများ
သွားရောက်ချထားခဲ့သည့် မိုင်းဆတ်မြို့ရှိ ဦးသက်လွင် ကုန်စုံဆိုင်မှ ဆက်စပ်သူ ၈ ဦးအား
Rapid Test Kit ဖြင့် စစ်ဆေးရာ အသက် ၂၆ နှစ်အရွယ် အလုပ်သမား တစ်ဦးတွင် COVID-19 ရောဂါပိုး
တွေ့ရှိခြင်းဖြစ်ပြီး ၎င်းအား ရွှေမဟာ Quarantine Center တွင် ထားရှိကာ ဆေးဝါး ကုသပေးလျက်ရှိကြောင်း
သိရသည်။
.
ယင်း မိုင်းတုံမြို့မှ COVID-19 လူနာသည် အောက်တိုဘာလ ၇ ရက်တွင်
မိုင်းဆတ်မြို့သို့ သွားရောက်ခဲ့ပြီး အောက်တိုဘာလ ၈ ရက်တွင် မိုင်းတုံနယ်မြေခံတပ်ရင်းမှ
အသက် ၂၀ အရွယ် ခရီးသည်တစ်ဦးကို တင်ဆောင်ကာ မိုင်းတုံမှ တောင်ကြီးမြို့သို့ ထွက်ခွာခဲ့ပြီးနောက်
တောင်ကြီး၌ တစ်ညအိပ်ကာ အောက်တိုဘာလ ၁၁ ရက်တွင် တောင်ကြီးမြို့၊ ရှမ်းမင်းသားဂိတ်၌ ကုန်တင်ပြီး
မိုင်းတုံမြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ခြင်းဖြစ်ကာ လင်းခေးမြို့အထွက် နတ်စင်အနီးတွင်
ကားပေါ်၌ တစ်ညအိပ်ကာ အောက်တိုဘာလ ၁၂ ရက်၊ နေ့လယ်ပိုင်းတွင် မိုင်းတုံသို့ ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
၎င်း၏ခရီးသွားရာဇဝင်အရ မိုင်းဆတ်တွင် ပိုးတွေ့လူနာထပ်မံတွေ့ရှိခြင်းကြောင့်
လူနာများ၏ မိသားစုဝင်များ၊ ရှမ်းမင်းသားဂိတ်မှူးနှင့် မိသားစုများ၊ ယာဉ်မောင်းများတို့ကို
Quarantine ထားရှိစစ်ဆေးရာ ၎င်း၏ မိသားစုဝင် ၃ ဦးမှာ Negative အဖြေရရှိခဲ့ပြီး အခြားစောင့်ကြည့်ခံသူများအားလုံးကို
၅ ရက်အကြာတွင် RDT ပထမအကြိမ်နှင့် ၂ ရက်ခြားတွင် ဒုတိယအကြိမ် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း
မိုင်းတုံမြို့နယ်ဆေးရုံတာဝန်ခံဒေါက်တာ သက်ခိုင်မင်း ထံက သိရသည်။
.
“လူနာကို မိုင်းတုံဆေးရုံရဲ့ သီးခြားအဆောင်မှာထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့
လမ်းညွန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်နေပါတယ်။ လူနာ အခြေအနေကောင်းပါတယ်။ တခြားထိတွေသူတွေကိုတော့
PCR ပို့ပြီး စစ်ဆေးသွားမှာ ဖြစ်ပါတယ်”ဟု ဒေါက်တာသက်ခိုင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုင်းဆတ်မြို့နယ် COVID-19 ရောဂါ စောင့်ကြည့်၊ စစ်ဆေး၊ ကုသမှုကော်မတီ
ကလည်း ဦးသက်လွင်ကုန်စုံဆိုင်သို့ အောက်တိုဘာ ၇ ရက်မှ ၁၂ ရက်အတွင်း စျေးဝယ်သူများအားလုံး
လုံခြုံစိတ်ချရသော ကျန်းမာရေးစစ်ဆေးမှု ခံယူနိုင်ရန် မိမိအသိစိတ်ဓာတ်ဖြင့် ဆက်သွယ်သတင်းပေးကြစေလိုကြောင်း
ထုတ်ပြန်ကြေညာထားသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းမှ
ဝင်ရောက်လာသူများကို COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးရန်နှင့် Quarantine ဝင်ရောက်ရန်
အောက်တိုဘာလ ၁၁ ရက်က စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၂ ရက်တွင် ရောဂါပိုးတွေ့လူနာ
တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment