မူဆယ်မြို့အဝင် ပြည်ထောင်စုလမ်းအား ၄ လမ်းသွားအဖြစ် အဆင့်မြှင့်တင်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, October 21, 2020

မူဆယ်မြို့အဝင် ပြည်ထောင်စုလမ်းအား ၄ လမ်းသွားအဖြစ် အဆင့်မြှင့်တင်မည်

မင်းဇော်မင်း

.

မူဆယ်မြို့ အဝင်ရှိ ပြည်ထောင်စုလမ်းအား မြို့အဝင်မှ မြို့ပတ်လမ်းဆုံအထိအား ၄ လမ်းသွား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

.

“ ၄ လမ်းသွား လမ်းမကြီးရဲ့ ကျန်တဲ့ အစိတ်အပိုင်း မြို့အဝင် တစ်မိုင်ကျော်လောက် ကျန်တာကို လမ်းဦးစီးဌာနက BOD ပေးထားတဲ့ OHC က ခင်းမှာပေါ့၊ စီစဉ်တာကတော့ ကြာပါပြီ။ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းကပါ။ အခု သိထားတာကတော့ လာမယ့် နိုဝင်ဘာကနေ ဧပြီလ အပြီး ခင်းမယ်လို့ ကုမ္ပဏီက အကြမ်းတော့ ခရိုင်စီခန့် အစည်းအဝေးမှာ တင်ပြထားတယ်။ (အောက်တိုဘာလ ၂၀ ရက်၌) ကွင်းဆင်းကြည့်တာက လမ်းချဲ့ရင် လွတ်၊ မလွတ် ကြည့်တာပါ။ လမ်းချဲ့မယ်ဆိုရင် လမ်းအကျယ်အရ အချို့နေရာတွေမှာ ဖျက်ရမယ့် နေရာတွေ ရှိတယ်။ ဒါကတော့ စည်ပင်က လုပ်ဆောင်မှာ ဖြစ်ပါတယ်။” ဟု မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


 

အဆိုပါ ၄ လမ်းသွား ကတ္တရာလမ်းအဖြစ် တိုးချဲ့ဖောက်လုပ်မည့် လမ်းအကျယ်မှာ ၄၈ ပေ ရှိမည် ဖြစ်ပြီး ပလက်ဖောင်း ၆ ပေ၊ ရေမြောင်း ၃ ပေတို့ ပါဝင်ပါက ပေ ၇၀ ခန့် ရှိသွားမည် ဖြစ်သော်လည်း လမ်းအကျယ်ကို အဓိက ရယူသွားမည် ဖြစ်ကြောင်း သိရသည်။

.

မူဆယ်မြို့သည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြို့ဖြစ်ကာ နယ်စပ်ကုန်သွယ်ရေးအရ အချက်အချာ ကျပြီး မူဆယ်အခြေစိုက် သွင်းကုန်/ထုတ်ကုန် ကုမ္ပဏီပေါင်း ၆၁၆ ခု ရှိနေပြီး နေ့စဉ် ကုန်တင်ယာဉ် အစီးရေ ၁၀၀၀ ကျော်ခန့် ပုံမှန်အဝင်/အထွက် ရှိနေသည့်အတွက် လမ်းပိတ်ဆို့မှု မကြာခဏ ဖြစ်ပေါ်နေလျက် ရှိသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats