မိုင်းဆတ်မြို့နယ်တွင် မူးယစ်တရားခံပြေး နေအိမ်မှ ငွေကျပ်သိန်းပေါင်း ၂၅၀၀၀ ကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဆတ်မြို့နယ်တွင် မူးယစ်တရားခံပြေး နေအိမ်မှ ငွေကျပ်သိန်းပေါင်း ၂၅၀၀၀ ကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

စိုင်းသိင်္ခသူ

.

မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း (တောင်ပေါ်) အုပ်စု၊ နမ့်ခမ်း (၁) အောက်ကျေးရွာနေ မူးယစ်တရားခံပြေး တစ်ဦး၏ နေအိမ်တွင် အောက်တိုဘာလ ၂၄ ရက်၊ နံနက်ပိုင်းက ငွေကျပ်သိန်းပေါင်း ၂၅၄၅၀ တန်ဖိုးရှိ ICE၊ ကဖင်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

.

Photo – U Than Zaw Oo

.

မူးယစ်တပ်ဖွဲ့စု(၂၉)နှင့်ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ အောက်တိုဘာလ ၂၄ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က တာချီလိတ်မြို့မရဲစခန်း၏ မယ(ပ)၆၃/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ အမှုမှ ကွင်းဆက် ထွက်ပြေးတိမ်းရှောင်နေသူ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း (တောင်ပေါ်) ကျေးရွာအုပ်စု၊ နမ့်ခမ်း (၁) အောက် ကျေးရွာနေ လော်ဖာ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ လော်ဖာအား မတွေ့ရှိဘဲ ၎င်း၏နေအိမ်မှာ သော့ခတ်ထားသဖြင့် သော့အားရိုက်ဖျက်ပြီး ဝင်ရောက်ရှာဖွေရာ နေအိမ် ဝင်ပေါက်အနီး မြေကြီးပေါ်တွင် စုပုံထားသော ပီနံအိတ် ၇ အိတ်အတွင်းမှ GUANYINWANG စာတမ်းပါ လက်ဖက်ခြောက်အိတ်ခွံဖြင့် ထည့်လျက် ICE ဟု ယူဆရသောအဖြူရောင်ပုံဆောင်ခဲ ၁၂၄ ကီလိုဂရမ်ခန့်၊ တန်ဖိုးငွေကျပ်သိန်း ၂၄၈၀၀၊ Vican စာတမ်းပါ ပီနံအိတ် ၂၆ အိတ်အတွင်းမှ ကဖင်းဟုယူဆရသော အဖြူရောင်အမှုန့် ၆၅၀ ကီလိုဂရမ်ခန့်၊ တန်ဖိုးငွေကျပ်သိန်း ၆၅၀၊ စိတ်ကြွရူးသွပ်ဆေးပြား ရိုက်ရာတွင် အသုံးသော WY စာတမ်းပါနှင့် စာတမ်းမပါ ၂၂ ချောင်းတို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

.

အဆိုပါ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ နေအိမ်တွင်သိုဝှက်ထားရှိပြီး ထွက်ပြေးတိမ်းရှောင် နေသူ လော်ဖာ အား မိုင်းတွမ်းနယ်မြေရဲစခန်းမှ မယ(ပ)၅၆/၂၀၂၀ မူး/စိတ်ပုဒ်မ-၁၆(ခ)/၁၉(က)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားပြီး တရားခံဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.


Journal Download

Photo of three cats