မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်း ၇၈၀၀ တန်ဖိုးရှိ မူးယစ်ဆေးများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 18, 2020

မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်း ၇၈၀၀ တန်ဖိုးရှိ မူးယစ်ဆေးများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

စိုင်းသိင်္ခသူ

.

မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်- ကျိုင်းတုံသွား ကားလမ်းမပေါ်တွင် ငွေကျပ်သိန်း ၇၈၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို အောက်တိုဘာလ ၁၇ ရက်၊ ညနေပိုင်းက ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

(Photo - IPRD)
 

ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိုင်းဆတ်မြို့နယ်၊ မိုင်းနင်းကျေးရွာနှင့် လိုက်ခါးကျေးရွာ ကြား၊ မိုင်းခုတ်- ကျိုင်းတုံးသွား ကားလမ်းမပေါ်တွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ကျိုင်းတုံဘက်မှ မိုင်းခုတ်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်သည် ပူးပေါင်းအဖွဲ့ စစ်ဆေးရာ နေရာနှင့် ကိုက် ၅၀ ခန့်အကွာတွင် တံတားငယ်အား ဝင်တိုက်ရပ်တန့်ပြီး ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်း ထွက်ပြေးသွားသည့် အမျိုးသားများအား ပူးပေါင်းအဖွဲ့မှ သေနတ်ဖြင့် ၂ ချက် ခြောက်လှန့် ပစ်ခတ်ရာ အမျိုးသားများအား ထိမှန်ခြင်း မရှိဘဲ ယာဉ်ကိုသာ ထိမှန်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါမော်တော်ယာဉ်အား စစ်ဆေး ရှာဖွေရာ ငွေကျပ်သိန်း ၇၈၀၀ တန်ဖိုးရှိ ICE ဟု ယူဆရသည့် အဖြူရောင်ပုံဆောင်ခဲများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

ယင်းကဲ့သို့ မူးယစ်ဆေးဝါးများအား သယ်ဆောင်၍ ထွက်ပြေးလွတ်မြောက်သွားသူ အမျိုးသား ၂ ဦးကို မိုင်းခုတ်မြို့ နယ်မြေရဲစခန်းတွင် မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်၍ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About