မူဆယ်မြို့နယ်တွင် ငွေကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အောက်တိုဘာလ ၃၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မူဆယ်မြို့နယ်၊ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ သွင်းကုန်၀င်းအတွင်း မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စျ)ရပ်ကွက်နေသူများဖြစ်သော သက်နိုင်မိုး(ခ)ဖိုးခွား မောင်းနှင်ပြီး မျိုးထွန်းဦး ယာဉ်နောက်လိုက်အဖြစ် လိုက်ပါလာသည့် HYUNDAI အမျိုးအစား မော်တော် ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့် ထည့်ထားသည့် Sodium Cyanide ၁၀၂၅၀ ကီလို (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၆၁၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အား စစ်ဆေးရာ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မြေနီကွင်းကား၀င်းအတွင်းရှိဂိုထောင်တွင် ထိန်းချုပ်ဓာတု ပစ္စည်းများ ကျန်ရှိနေသေးကြောင်း ပေါ်ပေါက်၍ ပူးပါင်းအဖွဲ့မှ ၀င်ရောက် ရှာဖွေရာ ဆာလာအိတ်များအတွင်းမှ Sodium Cyanide ၆၃၅၀ ကီလို (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၈၁ သိန်း)နှင့် Potassium Phosphate ၁၆၀ ကီလို(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၀.၄ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ထိန်းချုပ်ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေး ယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment