မိုင်းပန်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀ ကျော် ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းပန်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀ ကျော် ဖမ်းမိ

စိုင်းမျိုးမြတ်

.

လင်းခေးခရိုင်၊ မိုင်းပန်မြို့၊ အနောက်ရပ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ် ဆေးပြား ၂၆၀၀ ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မိုင်းပန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁ ရက်၊ ညနေ ၆ နာရီခန့်က မူးယစ်ဆေးဝါး သတင်းအရ မိုင်းပန်မြို့၊ အနောက်ရပ်ကွက်နေ မနန်းဟန် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်း၏ အိပ်ခန်းအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၆၇၀ ပြား၊ ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၆၇၀၀၀၀ သိန်းနှင့် မြန်မာငွေ ၁၂၂၉၅၀ ကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မိုင်းပန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats