မိုင်းပန်မြို့နယ်၊ နမ့်ပန်ချောင်းအား သဲနုန်းများ တူးဖော်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, October 7, 2020

မိုင်းပန်မြို့နယ်၊ နမ့်ပန်ချောင်းအား သဲနုန်းများ တူးဖော်သွားမည်

စိုင်းသိင်္ခသူ

.

လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နားလောကျေးရွာအုပ်စု၊ နမ့်ပန်ချောင်းဘေး ဝဲယာတစ်လျှောက်ရှိ စိုက်ပျိုးမြေများတွင် နှစ်စဉ် မိုးသည်းထန်စွာ ရွာသွန်းပါက ဧက ၅၀ ကျော် ရေလွှမ်းမိုး ခံနေရသဖြင့် ရှမ်းပြည်နယ်အစိုးရ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရန်ပုံငွေဖြင့် သဲနုန်းများ တူးဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

“နှစ်စဉ် ရေမြုပ်တော့ တောင်သူတွေလည်း ဒုက္ခရောက်၊ နိုင်ငံတော်ကလည်း ထောက်ပံ့နေရတယ်။ လယ်တွေက ချောင်းအောက်ဘက် နိမ့်တော့ ချောင်းရေကျရင် လယ်တွေ ရေမြုပ်ရတာဖြစ်လို့ ချောင်းတံတားကိုလည်း ပေ ၉၀ ပြင်ဆင်ဖို့ တင်ထားပြီးပြီ။ ချောင်းထဲက သဲနုန်းတွေလည်း ဆည်ဖို့ စီစဉ်ရတာပါ။ အခုလည်း မိုင်းဟောင်း ချောင်းရေ ကျတာ ၆ ဧကလောက် ရေမြုပ်နေတယ်” ဟု မိုင်းပန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရရန်ပုံငွေ ၂၆၅ သန်းဖြင့် ဟွေကျောင်းချောင်းဆုံမှ ကန်မောက်လျှံ ကျေးရွာအထိ နမ့်ပန်ချောင်းတစ်လျှောက် သဲနုန်းတူးဖော်သွားမည်ဖြစ်ပြီး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဦးအေးမင်း၊ မိုင်းပန်မြို့နယ်အုပ်ချုပ်‌ေရးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

.

အဆိုပါ သဲနုန်းတူးဖော်မှုလုပ်ငန်းပြီးစီးသွားပါက နမ့်ပန်ချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ပြီး စိုက်ပျိုး ဧကများ ရေလွှမ်းမိုးမှုဒဏ်မှ ကာကွယ်နိုင်သောကြောင့် သီးနှံများ အထွက်တိုးစေ နိုင်မည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About