မိုင်းပန်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ နေအိမ်များအတွင်း ရေဝင်ရောက်ကာ နွား ၇ ကောင် ရေနောက် မျောပါ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 6, 2020

မိုင်းပန်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ နေအိမ်များအတွင်း ရေဝင်ရောက်ကာ နွား ၇ ကောင် ရေနောက် မျောပါ သေဆုံး

မင်းဇော်မင်း

.

မိုင်းပန်မြို့နယ်၊ နမ့်တိန်းကျေးရွာအုပ်စု၊ မိုင်းဟောင်းကျေးရွာတွင် အောက်တိုဘာလ ၅ ရက်၊ ညပိုင်းက မိုး သည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မိုင်းဟောင်းချောင်းအတွင်း ရေဝင်ရောက် စီးဆင်းမှု များပြားလာကာ လူနေအိမ်များ အတွင်း ရေဝင်ရောက်ခဲ့ပြီး အိမ်မွေးနွား ၇ ကောင် ရေနောက်မျောပါ သေဆုံးခဲ့ကြောင်း သိရသည်။

.


 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများမှာ သစ်ပင်၊ အမှိုက်သရိုက်များနှင့်အတူ မိုင်းဟောင်းချောင်း တစ်လျှောက် စီးဆင်းလာသဖြင့် မိုင်းဟောင်း ကျေးရွာရှိ လူနေအိမ်များ အတွင်းသို့ ရေများ ဝင်ရောက်ခဲ့သဖြင့် လူ ထိခိုက်မှု တစ်စုံတစ်ရာ မရှိသော်လည်း အိမ် အသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂ ပစ္စည်းများ ရေစို ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး နွား ၇ ကောင်မှာ တောင်ကျရေနောက် မျောပါ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

“ ချောင်းက ရေ အမြဲ မရှိဘူး၊ မိုး သည်းထန်ပြီး ချောင်းရေက တဟုန်ထိုး စီးကျလာတာ၊ ညပိုင်းဆိုတော့ နွားတွေကို မကယ်နိုင်ကြဘူး၊ နွားတွေက ချောင်းနားအိပ်ကြတာဖြစ်လို့ ရေစီးနောက် ပါသွားတာ။” ဟု မိုင်းပန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ မိုင်းဟောင်းကျေးရွာသို့ အောက်တိုဘာလ ၆ ရက်၊ နံနက်ပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည့် အကူအညီများ ပေးကာ ရေဝင်ရောက်ခဲ့သည့် စိုက်ပျိုးမြေများအား တိုင်းတာခြင်း၊ ပျက်ဆီးဆုံးရှုံးမှုများအား မှတ်တမ်းရယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.


 

No comments:

Post a Comment

Journal Download

Photo of three cats

About