မောက်မယ်မြို့နယ်၌ မိုးဦးနှမ်းများ အောင်မြင် ဖြစ်ထွန်းသော်လည်း ဈေးကောင်း မရ ဖြစ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, October 14, 2020

မောက်မယ်မြို့နယ်၌ မိုးဦးနှမ်းများ အောင်မြင် ဖြစ်ထွန်းသော်လည်း ဈေးကောင်း မရ ဖြစ်နေ

စိုင်းမျိုးသန့်

.

လင်းခေးခရိုင် မောက်မယ်မြို့နယ်၌ နှမ်းအား ရာသီအလိုက် မိုးကြိုရေသွင်းနှမ်း၊ မိုးဦးနှမ်းလျင်နှင့်  မိုးနှောင်းနှမ်းကြီးများ စိုက်ပျိုးကြရာ လက်ရှိ မိုးဦးနှမ်းလျင်များမှာ အောင်မြင် ဖြစ်ထွန်းလျက် ရှိသော်လည်း ဈေးကောင်း မရရှိဘဲ ဖြစ်နေကြောင်း သိရသည်။

.


မိုး ရွာသွန်းမှု စောခြင်းကြောင့် စိုက်ပျိုးရေ အပြည့်အဝ ရရှိ၍ အောင်မြင် ဖြစ်ထွန်းခြင်း ဖြစ်ကာ ယခင်နှစ်ထက် အထွက်နှုန်း ပိုမို ရရှိနိုင်မည် ဖြစ်သော်လည်း စျေးနှုန်းမှာမူ ယခင်နှစ်ထက် လျော့နည်းနေခြင်း ဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် နှစ်တွင် နှမ်းဆီ ၁၀ ပိဿာပါတစ်ပုံးလျှင် ၈၅၀၀ဝ ကျပ်အထိ ရရှိခဲ့ကာ ယခုနှစ်တွင် တစ်ပုံးလျှင် ၅၀၀၀ဝ ကျပ်သာ ရရှိပြီး နှမ်း တစ်အိတ်လျှင် ၄၅ဝဝဝ ကျပ်နှုန်းသာ အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ နှမ်းဈေးနှုန်း လျော့နည်းမှုမှာ COVID-19 ရောဂါကြောင့် နယ်စပ်ဂိတ်များ ခေတ္တ ပိတ်ထားခြင်းနှင့် ကုန်စည်ပို့ဆောင်ရေး အခက်အခဲများကြောင့် ဖြစ်သည်ဟု ပွဲရုံပိုင်ရှင်များထံမှ သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About