မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာ သောက်သုံးရေရရှိရေးအတွက် စိမ့်စမ်းရေ သွယ်ယူမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာ သောက်သုံးရေရရှိရေးအတွက် စိမ့်စမ်းရေ သွယ်ယူမည်

ငြိမ်းသူ

.

လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စုအတွင်းရှိ လွိုင်ရွဲ့နှင့် ကုန်းပေါင်းကျေးရွာ သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

လွိုင်ရွဲ့ကျေးရွာတွင် စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်း အရှည် ၄ ဖာလုံ၊ ဂါလံ ၅၀၀၀ ဆံ့ရေစုကန် ၁ ကန်၊ ရေစက်ရုံ ၁ ခု၊ ကုန်းပေါင်းကျေးရွာတွင်စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း အရှည် ၁ မိုင်၊ ဂါလံ ၅၀၀၀ ဆံ့ရေစုကန်တစ်ကန်၊ ရေစက်ရုံတစ်ခုတည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်တွင်ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်း ထံက သိရသည်။

.

အဆိုပါ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးသွားပါက အိမ်ခြေ ၁၉၅ အိမ်မှ လူဦးရေ ၁၄၁၅ ဦးတို့အတွက် သောက်သုံးရေဖူလုံစေရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats