ရွေးကောက်ပွဲ ကျင်းပခြင်း မပြုနိုင်သည့် နယ်မြေစာရင်းတွင် မိုင်းကိုင်မြို့နယ် ပါဝင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 16, 2020

ရွေးကောက်ပွဲ ကျင်းပခြင်း မပြုနိုင်သည့် နယ်မြေစာရင်းတွင် မိုင်းကိုင်မြို့နယ် ပါဝင်

မင်းဇော်မင်း

.

ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် နယ်မြေများ စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ရာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း အတည်ပြု ထုတ်ပြန်ထားပြီး ဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်းမှ မိုင်းကိုင်မြို့နယ် ပါဝင်လာသည်ကို တွေ့ရသည်။

.

ရှမ်းပြည်နယ်ရှိ ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် နယ်မြေများ မဲဆန္ဒနယ်မြေများကို ကြေညာချက်အမှတ် (၁၉၇/၂၀၂၀) ဖြင့် ယနေ့ အောက်တိုဘာ ၁၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

.

ယင်း ကြေညာချက်တွင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ ပန်ဆန်း(ပန်ခမ်း)၊ နားဖန်၊ မိုင်းမော၊ ပန်ဝိုင်မြို့နယ်ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့နယ်တို့အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း အတည်ပြု ထုတ်ပြန်ထားသည့် ရှမ်းပြည်နယ်တောင်ပိုင်းမှ မိုင်းကိုင်မြို့နယ်လည်း ပါဝင်လာခြင်း ဖြစ်သည်။

.

မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်နိုင်ခြင်း မရှိသည့်အတွက် နိုင်ငံရေးပါတီ ၆ ခုမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၆ ဦး၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦး၊ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၈ ဦး ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးကြမည် ဖြစ်သည်။

.

ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးကြမည့် နိုင်ငံရေးပါတီများမှာ ရှမ်းတိုင်းရင်းသားများဒီမိုကစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မြို့နယ် ၆ မြို့နယ်အပြင် ရှမ်းပြည်နယ်အတွင်းရှိ ကျောက်မဲမြို့နယ်မှ ကျေးရွာအုပ်စု ၁၂ အုပ်စုနောင်ချိုမြို့နယ်မှ ကျေးရွာအုပ်စု အုပ်စု၊  နမ့်ဆန်မြို့နယ်မှ ကျေးရွာအုပ်စု ၃  အုပ်စုမန်တုံမြို့နယ်မှ ကျေးရွာအုပ်စု ၂ အုပ်စု မိုင်းခတ်မြို့နယ်မှ ကျေးရွာအုပ်စု ၄ အုပ်စု၊ မိုင်းယန်းမြို့နယ်မှ ရပ်ကွက် ၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ မိုင်းဖြတ်မြို့နယ်မှ ကျေးရွာအုပ်စု အုပ်စုမိုင်းယောင်းမြို့နယ်မှ ကျေးရွာအုပ်စု ၈ အုပ်စု၊ မက်မန်းမြို့နယ်မှ ကျေးရွာအုပ်စု ၁၇ အုပ်စု၊ မိုင်းတုံမြို့နယ်မှ ကျေးရွာ အုပ်စု ၃ အုပ်စု ကွတ်ခိုင်မြို့နယ်မှ ကျေးရွာအုပ်စု ၄ အုပ်စု၊  မူဆယ်မြို့နယ်မှ ရပ်ကွက် ၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၉ အုပ်စု၊ တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု ၁၁ အုပ်စု၊ လားရှိုးမြို့နယ်မှ ကျေးရွာအုပ်စု ၆ အုပ်စု၊  ကွမ်းလုံမြို့နယ်မှ ကျေးရွာအုပ်စု ၁ အုပ်စု၊ ဟိုပန်မြို့နယ်မှ ရပ်ကွက် ၅  ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၇ အုပ်စု၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့နယ်မှ ကျေးရွာအုပ်စု ၁ အုပ်စု တို့တွင်လည်း ရွေးကောက်ပွဲ မပြုလုပ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်စွဲဖြင့် ကြေညာချက် ၆ စောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊  ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပမည် မဟုတ်ကြောင်း ဖော်ပြပါရှိသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About