တောင်ကြီးတွင် Mask တပ်ဆင်ခြင်း မရှိသဖြင့် ဒဏ်ရိုက်ခံရသူ ၂၀၀၀ ကျော် ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီးတွင် Mask တပ်ဆင်ခြင်း မရှိသဖြင့် ဒဏ်ရိုက်ခံရသူ ၂၀၀၀ ကျော် ရှိ

အောင်ဆန်းဝင်း

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိ၍ ဒဏ်ရိုက်ခံရသူ ၂၀၀၀ ကျော် ရှိကြောင်း တောင်ကြီးမြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီထံမှ သိရသည်။

.

တောင်ကြီးမြို့တွင် အပြင်ထွက် သွားလာသူများအနက် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများကို တစ်ဦးလျှင် ၂၀၀ ကျပ်နှုန်းဖြင့် ဒဏ်ကြေးငွေ ကောက်ခံလျက် ရှိရာ အောက်တိုဘာလ ၇ ရက်မှ ၂၁ ရက်ထိ ၂၀၄၅ ဦးထံမှ ငွေကျပ် ၄၀၉၀၀၀ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.



.

“ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပရဟိတ အသင်းအဖွဲ့တွေ ပူးပေါင်းပြီး မြို့ပေါ်နေရာ အတော်များများမှာ Mask တပ်ဆင်ဖို့ အသိပညာပေးမှုတွေ လုပ်နေပါတယ်။ လိုက်နာတဲ့လူတွေ ရှိသလို စည်းကမ်း မလိုက်နာတဲ့ လူတွေလည်း တွေ့နေရသေးတယ်။ ရောဂါ ကာကွယ်နိုင်ဖို့အတွက် အပြင် ထွက်တိုင်း နှာခေါင်းစည်း တပ်တာ အကောင်းဆုံးပါပဲ ”ဟု တောင်ကြီးဒေသခံ ကိုကောင်းခန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

တောင်ကြီးမြို့ရှိ လူစည်ကားရာ နေရာများတွင် မြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ တာဝန်ရှိသူများမှ အပြင်ထွက် သွားလာသူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူများကို အသိပညာပေး ဆောင်ရွက်နေသော်လည်း ဒေသခံ အများစုမှာ လိုက်နာ ဆောင်ရွက်မှု အားနည်းနေလျက် ရှိကြောင်းလည်း သိရသည်။

.

Journal Download

Photo of three cats