မြို့တော်တောင်ကြီးတွင် အသုံးပြုပြီးသား Mask များကို စနစ်တကျ မစွန့်ပစ်မှုကြောင့် ရုပ်ဆိုးအကျည်းတန်နေပြီး အခြား ကူးစက်ရောဂါများ ဖြစ်ပွားမည်ကို စိုးရိမ်နေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 16, 2020

မြို့တော်တောင်ကြီးတွင် အသုံးပြုပြီးသား Mask များကို စနစ်တကျ မစွန့်ပစ်မှုကြောင့် ရုပ်ဆိုးအကျည်းတန်နေပြီး အခြား ကူးစက်ရောဂါများ ဖြစ်ပွားမည်ကို စိုးရိမ်နေရ

အောင်ဆန်းဝင်း

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် အသုံးပြုပြီးသား နှာခေါင်းစည်း (Mask) များကို စနစ်တကျ စွန့်ပစ်မှု မရှိခြင်း ကြောင့် မြို့တော်အင်္ဂါရပ်ကို ထိခိုက်ကာ အရုပ်ဆိုးအကျည်းတန်စေပြီး အခြား ကူးစက်ရောဂါများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများထံက သိရသည်။

.


.

COVID-19 ကပ်ရောဂါ ဖြစ်ပွားချိန်မှစတင်၍ Mask တပ်ဆင်သုံးစွဲမှု များပြားလာပြီး စနစ်တကျ စွန့်ပစ်သူများ ရှိသကဲ့သို့ အများပြည်သူဆိုင်ရာ နေရာများ၊ လမ်းမကြီးများတွင် စည်းကမ်းမဲ့ စွန့်ပစ်သူများလည်း ရှိလာနေခြင်း ဖြစ်ကြောင်း သိရသည်။

.

“ကိုယ် အသုံးပြုပြီးသား Mask ကိုတော့ အဖုံးပါတဲ့ အမှိုက်ပုံးမှာ သေချာစွန့်ပစ်တာ အကောင်းဆုံးပါပဲ။ Mask တပ်တာ က COVID-19 ရောဂါ ကာကွယ်ဖို့အတွက်ပေါ့။ ဒါပေမဲ့ အခုလို သုံးပြီးသား Mask တွေကို စည်းကမ်းမဲ့ စွန့်ပစ်တော့ တစ်ယောက်ယောက်မှာ ကူးစက်တတ်တဲ့ရောဂါ တစ်ခုခု ရှိနေခဲ့ရင် အဲဒီ လမ်းမပေါ်မှာ ပစ်လိုက်တဲ့ Mask ကနေ တခြားကို ကူးစက်တာမျိုး ဖြစ်တတ်တာမို့ သုံးပြီးသား Mask ကို စနစ်တကျစွန့်ပစ်ဖို့ လိုအပ်ပါတယ်” ဟု တောင်ကြီးမြို့၊ ရဲဘော်ဈေးအနီးတွင် ကုန်စုံရောင်းချသူ ကိုမင်းမင်းက ပြောသည်။

.

တောင်ကြီးမြို့ပေါ်ရှိ အဓိကကျသည့် လမ်းမကြီးများနှင့် အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် အသုံးပြု ပြီးသား နှာခေါင်းစည်း (Mask) များကို စည်းကမ်းမဲ့ စွန့်ပစ်မှုများရှိနေပြီး  အဆိုပါ Mask များမှ အများသုံး ရေတွင်း၊ ရေကန်များအတွင်း ကျရောက်နိုင်သည့်အတွက်လည်း စနစ်တကျ စွန့်ပစ်ရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆို လျက်ရှိသည်။

.

နှာခေါင်းစည်းများကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုအန္တရာယ်ကို လျော့ချရန် အခြေခံအကျဆုံးနည်းလမ်းမှာ အသုံးပြုပြီးသား Mask များအား အဖုံးပါသည့်အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်ရန်နှင့် စွန့်ပစ်သည့် အချိန်တွင်လည်း တိရစ္ဆာန်များ ဘေးကင်းလုံခြုံစေရန်အတွက် ဘေးနှစ်ဖက်ရှိ မျော့ကြိုးများအားဖြတ်တောက်ရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About