.
ကျောက်မဲမြို့ပေါ်ရှိ စည်ပင်သာယာရေးဌာနပိုင် ဗဟိုဈေး၊ မင်္ဂလာဈေးနှင့် ပျံကျဈေး ၂ ဈေး တို့တွင် Mask တပ်ဆင်ခြင်း မရှိသည့် ဈေးသည်နှင့် ဈေးဝယ်များအား အောက်တိုဘာလ ၁၄ ရက်၊ နံနက်ပိုင်းက စည်ပင်သာယာရေးဌာနမှ ဒဏ်ငွေရိုက် အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ Mask တပ်ဆင်ခြင်း မရှိသဖြင့် ဒဏ်ငွေရိုက် အရေးယူခံရသူ စုစုပေါင်း ၈၂ ဦး ရှိခဲ့ပြီး ၎င်းတို့အား တစ်ဦးလျှင် ငွေကျပ် ၂၀၀ ကျပ်နှုန်းဖြင့် ဒဏ်ရိုက်ခဲ့ခြင်း ဖြစ်ကာ ရရှိသည့် ဒဏ်ငွေပေါင်း ၁၆၄၀၀ ကျပ်ကို မြို့နယ် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီသို့ ပေးသွင်းသွားမည် ဖြစ်ကြောင်း သိရသည်။
.
Mask တပ်ဆင်ခြင်း မရှိသူများကို ဒဏ်ငွေ ၂၀၀ ကျပ် ပေးဆောင်စေသည့် နည်းဖြင့် ဆက်လက် အရေးယူမည် ဖြစ်ကာ ဆိုင်ရောင်းသူများ အနေဖြင့် Mask တပ်ဆင်မှု မရှိပါက ဆိုင်ရှင်အား ဒဏ်ငွေအပြင် ဆိုင်ကို ယာယီ ပိတ်စေသည့်နည်းဖြင့် အရေးယူသွားမည် ဖြစ်ကြောင်းလည်း ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ ဦးစိုးနိုင်ဦးထံမှ သိရသည်။
.
ထို့အတူ ကျောက်မဲမြို့နယ် အတွင်း၌ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ထုတ်ပြန်ထားသည့် စည်းကမ်းကို ချိုးဖောက်ခြင်းကြောင့် စားသောက်ဆိုင် ၅ ဆိုင်နှင့် Mask တပ်ဆင်ခြင်း မရှိပဲ ဈေးရောင်းခဲ့သည့် ဆိုင် ၁ ဆိုင်၊ စုစုပေါင်း ၆ ဆိုင်ကို ၇ ရက် ပိတ်သိမ်းစေသည့် ပြစ်ဒဏ် ချမှတ်၍ အရေးယူထားကြောင်းလည်း သိရသည်။
.
No comments:
Post a Comment