ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ လားရှိုးမြို့ရှိ နေအိမ်ဖောက်ထွင်းခံရကြောင်း
သတင်းများ ထွက်ပေါ် လျက်ရှိပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ လားရှိုးနယ်မြေရဲစခန်းသို့
ဆက်သွယ်မေးမြန်းရာတွင် စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
.
လားရှိုးမြို့၊ ရပ်ကွက် (၁၀) ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်
နေအိမ် ဂိုဒေါင် ဖောက်ထွင်းခံရကြောင်း ယနေ့ အောက်တိုဘာလ ၁၅ ရက်၊ နံနက်ပိုင်းက လားရှိုးမြို့တွင်
သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။
.
“နေအိမ် မဟုတ်ဘူး။ စတိုပါ။ ဘယ်နေ့က ဖြစ်တယ်ဆိုတာတော့ မသိပါဘူး။
ဒီနေ့ (အောက်တိုဘာ ၁၅ ရက်) မှ သန့်ရှင်းရေးလုပ်တော့ တံခါးပွင့်နေတာကို တွေ့တာပါ။ ပစ္စည်းတွေ
ပါ/မပါ ဆိုတာကတော့ မသိဘူး။ အိမ်ရှင်တွေပဲ သိမှာပါ” ဟု လားရှိုးမြို့၊ အမှတ် (၁၀) ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးဟန်အေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ လားရှိုး နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လှိုင်ထွန်းအား
ဆက်သွယ်မေးမြန်းရာတွင် “လောလောဆယ် အတည်ပြုနေတုန်း ရှိပါသေးတယ်။ ဘာမှမသိရသေးပါဘူး” ဟု
ပြန်လည် ဖြေကြားခဲ့သည်။
.
လားရှိုးမြို့နယ်အတွင်းရှိ နေအိမ်အချို့တွင် COVID-19 ကာလအတွင်း
ဖောက်ထွင်းခံရမှုများ၊ ဖုန်း/ဆိုင်ကယ် လုယူ ခံရမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး
ယခုအခါ ပြည်နယ်ဝန်ကြီးချုပ်နေအိမ် ဖောက်ထွင်းခံရခြင်းဖြစ်ကြောင်း လားရှိုး ဒေသခံတစ်ဦးက
ပြောသည်။
.
ဒေါက်တာလင်းထွဋ်သည် ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲက လားရှိုးမြို့နယ်
ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာသူဖြစ်ကာ လက်ရှိတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အိမ်တော်၌
နေထိုင်နေလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment