ခင်လေးဝင်း
.
နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ ဟိုနောင်ကျေးရွာအုပ်စု၊ မက်မွန်လောင်းကျေးရွာတွင် အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၂ နာရီခန့်က မီးကြွင်းမီးကျန်မှတဆင့် ဘုန်းတော်ကြီးကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
မီးလောင်ကျွမ်းမှုအား ခိုလမ်မြို့ မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မီးသတ်ယာဉ် ၂ စီးဖြင့် မီးငြိမ်းသတ်ခဲ့သဖြင့် နံနက် ၃ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုကြောင့် ပေ ၉၀ ပတ်လည်၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း ဘုန်းတော်ကြီးကျောင်း ပျက်ဆီးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုးငွေ ကျပ်သိန်း ၆၀ ခန့် ရှိပြီး အခြား တစ်စုံတရာ ထိခိုက်မှု မရှိကြောင်း သိရသည်။
.
No comments:
Post a Comment