COVID-19 ရောဂါသည် အမျိုးသားအန္တရာယ်အဖြစ် ခံယူလျက် တပ်မတော် အနေဖြင့် ပြည်သူများကို ကာကွယ် စောင့်ရှောက်လျက်ရှိကြောင်း ရပခ တိုင်းမှူး ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, October 14, 2020

COVID-19 ရောဂါသည် အမျိုးသားအန္တရာယ်အဖြစ် ခံယူလျက် တပ်မတော် အနေဖြင့် ပြည်သူများကို ကာကွယ် စောင့်ရှောက်လျက်ရှိကြောင်း ရပခ တိုင်းမှူး ပြောကြား

မြဝင်း

.

COVID-19 ရောဂါသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် အမျိုးသားအန္တရာယ်အဖြစ် ခံယူလျက် တပ်မတော် အနေဖြင့် တတ်နိုင်သည့်ဘက်မှ ပြည်သူများကို ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ ပြည်သူများ အနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် လိုကြောင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်က ပြောဆိုခဲ့သည်။

.


.

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် တာဝန်ရှိသူများသည် ယနေ့ အောက်တိုဘာလ ၁၄ ရက်၊ နံနက်ပိုင်း တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ကျောက်တလုံးကြီးတိုက်နယ်ဆေးရုံအတွက် COVID-19 ကာကွယ်ကုသရေး ပစ္စည်းများ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လှူဒါန်းပွဲတွင် တိုင်းမှူးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

ထို့နောက် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်က COVID-19   ကုသရေး  အထောက်အကူပြုပစ္စည်းများ ဖြစ်သော Hand  Gel 500 ml (လက်သန့်ဆေးရည်) ၈၀ ဘူး၊  PPE  ဝတ်စုံ ၁၈ စုံ ၊ နှာခေါင်းစည်း (Mask) ၅၀၀၀ ခုတို့ကို ပေးအပ်ရာ ကျောက်တလုံးကြီးမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ တာဝန်ခံ ဒေါက်တာဒေါ်ကြည်ကြည်ဟန် နှင့်မြို့မိမြို့ဖ ဦးခွန်ညွှန့်မောင်တို့က လက်ခံရယူပြီး တာဝန်ခံဆရာဝန် ဒေါက်တာကြည်ကြည်ဟန်က ဂုဏ်ပြုမှတ်တမ်းတင်လွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

.

ထောက်ပံ့လှူဒါန်းပွဲသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် တာဝန်ရှိသူများ၊ ကျောက်တလုံးကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About