စိုင်းမျိုးမြတ်
.
ကျိုင်းတုံမြို့နယ်၊
မိုင်းဇင်ကျေးရွာအုပ်စု၊ ဟွေခါးကျေးရွာတွင် ယမန်နေ့ အောက်တိုဘာလလ ၆ ရက်၊ ညနေပိုင်းက
သားဖြစ်သူမှ ရိုက်နှက်သဖြင့် ဖခင် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.မိုင်းဇင်ကျေးရွာအုပ်စု၊
ဟွေခါးကျေးရွာနေ ဦးယောဒန်သည် အောက်တိုဘာလ ၆ ရက်၊ ညနေပိုင်းက အရက်သေစာ သောက်စားပြီး
နေအိမ်သို့ ပြန်လာရာမှ ဇနီးဖြစ်သူနှင့် စကားများခဲ့ပြီး သားဖြစ်သူ နော်အေးကို ထပ်မံ
ဆဲဆိုရာ နော်အေးမှ ဒေါသထွက်ကာ ခေါပုတ်ထောင်းသည့် သစ်သားကျည်ပွေ့ဖြင့် ဦးယောဒန်ကို ရိုက်နှက်ခဲ့ရာ
ဦးခေါင်း နောက်စေ့ ဒဏ်ရာရရှိခဲ့ပြီး ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု
ခံယူစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ဦးယောဒန်က သူ့သား
နော်အေးကို ထမင်းမကျွေးဘူး။ ချီးပဲကျွေးမယ် ပြောတော့ သားက စိတ်တိုပြီး ခေါပုတ် ထောင်းတဲ့
ကျည်ပွေ့နဲ့ နောက်စေ့ကို ရိုက်ချလိုက်တာပါ” ဟု ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ရှိသူက
ပြောသည်။
.
အဆိုပါ ဦးယောဒန် သေဆုံးမှုနှင့်
ပတ်သက်၍ တုတ်ဖြင့်ရိုက်နှက်ခဲ့သူ နော်အေးအား ကျိုင်းတုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ
၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment