ကျိုင်းတုံမြို့နယ်၊
ကျိုင်းတုံ-တာချီလိတ်သွား ကားလမ်းဘေး မိုင်တိုင်အမှတ်(၆၈၅/၆၈၆) ကြား
ယန်းခချောင်းအတွင်း၌ အောက်တိုဘာလ ၁၇ ရက်၊ ညနေပိုင်းက အမျိုးသမီး အလောင်း
တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ယင်း အမျိုးသမီးအလောင်း
တွေ့ရှိမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး
သိန်းလွင်အား ဆက်သွယ် မေးမြန်းရာတွင် “ အဲဒါကို ကျွန်တော်တို့ စစ်ဆေး
ဖော်ထုတ်နေလို့ပါ၊ ခဏလေးပါ၊ ဘာမှ အတည်ပြုလို့ မရသေးပါဘူး။
(အလောင်းတွေ့တာနဲ့ ပတ်သက်ပြီး) အမှုတောင် ဖွင့်ထားပြီ။ ခဏလေးပါဗျာ၊
ကျွန်တော် ဒီမှာ စစ်နေလို့ပါဗျာ။ စစ်နေတာတော့ မဟုတ်ဘူးပေါ့ဗျာ၊
ထွက်ဆိုချက်တွေ ယူနေလို့။”ဟု ပြောသည်။
.
ကျိုင်းတုံမြို့နယ်၊
ပန်လောင်းကျေးရွာနေ လူငယ် ၂ ဦးသည် ယန်းခချောင်းအတွင်း ငါးဖမ်းသွားစဉ်
ချောင်းအတွင်း ကျောက်တုံးပေါ်၌ အမျိုးသမီး အလောင်းအား တွေ့ရှိ၍ သက်ဆိုင်ရာ
ယန်းခကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ တဆင့် ရဲတပ်ဖွဲ့သို့
အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းလွင် ဦးဆောင်သော
ရဲတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ ယင်းနေရာသို့ သွားရောက် စစ်ဆေးရာ
ယန်းခချောင်းအလယ်ရှိ ကျောက်တုံးပေါ်တွင် မှောက်ခုံအနေအထားဖြင့် အသက် ၃၀
အရွယ်ခန့် အမျိုးသမီး အလောင်းအား ခြေထောက်၊ လက်နှင့် လည်ပင်းတို့အား
ကြိုးဖြင့် တုပ်နှောင်၍ ဆာလာအိတ်၊ စောင်ဖြင့် ပတ်လျက် တွေ့ရှိရခြင်း
ဖြစ်ကြောင်း ကမ္ဘောဇတိုင်းမှ ရရှိထားသည့် ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ အမျိုးသမီး အလောင်း တွေ့ရှိမှုနှင့် ပတ်သက်၍
ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၃၇၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ ဖြင့်
အမှုဖွင့်၍ တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
Sunday, October 18, 2020

Home
ကျိုင်းတုံ
မှုခင်း
ရှမ်းရှေ့သတင်းများ
ကျိုင်းတုံမြို့နယ် ယန်းခချောင်းအတွင်း၌ အမျိုးသမီးအလောင်း တွေ့ရှိ
ကျိုင်းတုံမြို့နယ် ယန်းခချောင်းအတွင်း၌ အမျိုးသမီးအလောင်း တွေ့ရှိ
Tags
# ကျိုင်းတုံ
# မှုခင်း
# ရှမ်းရှေ့သတင်းများ
Share This
About Kanbawza Tai News
ရှမ်းရှေ့သတင်းများ
Tags
ကျိုင်းတုံ,
မှုခင်း,
ရှမ်းရှေ့သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment