ICRC မှ ကျောက်မဲမြို့နယ်ရှိ ပရဟိတအသင်းများအတွက် အရေးပေါ်လူနာတင်ယာဉ်သုံး ပစ္စည်းများ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ICRC မှ ကျောက်မဲမြို့နယ်ရှိ ပရဟိတအသင်းများအတွက် အရေးပေါ်လူနာတင်ယာဉ်သုံး ပစ္စည်းများ လှူဒါန်း

မိုင်းထွန်း

.

ကျောက်မဲမြို့နယ်အတွင်းရှိ ပရဟိတအသင်းများတွင် အသုံးပြုနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) မှ ထောက်ပံ့ပေးပို့လာသော လူနာတင်ယာဉ်သုံး ပစ္စည်းများကို အောက်တိုဘာလ ၂ ရက်၊ နံနက်ပိုင်းက ကျောက်မဲမြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

.

.

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ  ကျောက်မဲမြို့နယ်အတွင်းရှိကမ်းလင့်လက်များ လူမှုကူညီရေး အသင်း(နောင်ပိန်)၊ ကျောက်မဲနာရေးကူညီမှုအသင်း၊ အိုမ်တမာဝ်လူမှုကူညီရေးအသင်း၊ အားမာန်သစ်ပရဟိတအသင်း (မိုင်းငေါ့)နှင့်လောဝ်ငင်းပရဟိတအသင်း(မိုင်းငေါ့)တို့အတွက် အရေးပေါ် လူနာတင်ယာဉ် ပစ္စည်းများဖြစ်သည့် HI - LOW STRETCHER (Ambulance Stretcher), SPINE BOARD, FOLDING STRETCHER, HEAD IMMOBILIZER တစ်စုံစီတို့ကို  ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ကျောက်မဲမြို့ပေါ်ရှိ အခြားပရဟိတ အသင်းများအတွက်လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC မှ အလားတူ ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း ကျောက်မဲမြို့ ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူထံက သိရသည်။

.

Journal Download

Photo of three cats