မိုင်းထွန်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဦး၊
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့သည် ယမန်နေ့
အောက်တိုဘာလ ၂၃ ရက်၊ နံနက်ပိုင်းက ကျောက်မဲမြို့နယ် အတွင်းရှိ Quarantine
Center များတွင် ရောက်ရှိနေသော မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများနှင့် ကျောက်မဲမြို့အဝင်
ကျန်းမာရေးစစ်ဆေးရေးဂိတ်တို့အတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
သိရသည်။
.
.၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပမည့်
ရွေးကောက်ပွဲတွင် ကျောက်မဲမြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် ပညာရေး
ဝန်ထမ်း ၃၀၆ သည် COVID-19 ရောဂါ အဖြစ်များသည့် ဒေသမှ ပြန်လာသူများဖြစ်သည့်အတွက်
ကျောက်မဲမြို့ရှိ Quarantine Center များတွင် အသွားအလာကန့်သတ် နေထိုင်နေခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ပညာရေးဝန်းထမ်းများအား အမျိုးသမီးသုံး ပစ္စည်း
အမျိုး ၂၀ ပါ Dignity Kit ၁၃၀ အိတ်၊ Mask
၅၀ ဘူး၊ အဖျားတိုင်း ကိရိယာ ၁၆ ခု၊ Face Shield၊
လက်အိတ်၊ ဂလိုရင်းဆပ်ပြာ အစရှိသည့် ကျန်းမာရေး အထောက်အကူပြုပစ္စည်း ၁၁
မျိုးနှင့် ကလေးကစားပစ္စည်း ၈ ဖာ တို့ကို
ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
.
အလားတူ ပြည်နယ်ဝန်ကြီးသည် ကျောက်မဲမြို့အဝင်
ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် အသုံးပြုရန် အဖျားတိုင်း ကိရိယာ ၄ ခုနှင့် Mask
၊Face Shiled၊ ဆပ်ပြာမှုန့်များ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
.