မိုင်းထွန်း (ကျောက်မဲ)
.
ကျောက်မဲမြို့နယ်အတွင်းရှိ မဲရုံများတွင် အခြားဒေသမှ လာရောက်တာဝန်ထမ်းဆောင်မည့်
မဲရုံတာဝန်ကျ ပညာရေး ဝန်ထမ်း ၁၂၀ ကျော်ကို ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်က ဓါတ်ခွဲနမူနာ
ရယူထားပြီး COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
.
.
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင်
ကျောက်မဲမြို့နယ် ၌ လျာထားမဲရုံ ၁၁၁ ရုံရှိပြီး ယင်းမဲရုံများတွင် တာဝန်ထမ်းဆောင်ရမည့်
ပညာရေးဝန်ထမ်း စုစုပေါင်း ၁၁၃၅ ဦးလျာထားကြောင်း သိရသည်။
.
အဆိုပါ မဲရုံတာဝန်ကျ ဝန်ထမ်းများအနက်မှ COVID-19 ရောဂါ အဖြစ်များသည့်အခြားဒေသမှလာရောက်သူများကို ကျောက်မဲမြို့ရှိ အမှတ် (၁) နှင့် (၄) အခြေခံပညာမူလတန်းကျောင်းများတွင်
အသွားအလာ ကန့်သတ်ထားရှိထားပြီး COVID-19 ရောဂါပိုးရှိ/မရှိ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်များရယူ
စစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။
.
ရွေးကောက်ပွဲတွင် ကျောက်မဲမြို့နယ်၌ တာဝန်ထမ်းဆောင်မည့် အခြားနယ်မှပညာရေးဝန်ထမ်းများအနက်
အောက်တိုဘာလ ၁၀ ရက်အထိ ၂၉၉ ဦးသည် ကျောက်မဲမြို့သို့ရောက်ရှိလာပြီဖြစ်ပြီး ၎င်းတို့
အနက်မှ ရောဂါအဖြစ်များ သည့် ဒေသမှလာရောက်သူ ၁၂၀ ကျော်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment