ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားနေမှုကြောင့် တိုက်ပွဲရှောင် ဦးရေ ၉၀၀ ကျော် ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 6, 2020

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားနေမှုကြောင့် တိုက်ပွဲရှောင် ဦးရေ ၉၀၀ ကျော် ရှိလာ

မင်းဇော်မင်း

.

ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS တို့ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် တိုက်ပွဲ ဖြစ်ပွားရာ အနီးတဝိုက်ရွာများမှ တောင်ထိပ်ကျေးရွာနှင့် ပုံဝိုးကျေးရွာသို့ တိုက်ပွဲရှောင်လာကြသူ စုစုပေါင်း ၉၀၀ ကျော် ရှိလာနေပြီ ဖြစ်ကြောင်း သိရသည်။

.


“ ပုံဝိုးနဲ့ တောင်ထိပ်က ၆ မိုင် ဝေးတယ်၊ အဲဒီကြားမှာ တိုက်ပွဲ ဖြစ်နေတာ။ မနေ့က ပုံဝိုးအထိပဲ ရောက်တယ်၊ မနက်ဖြန် ထပ်သွားမယ်၊ တောင်ထိပ်ကို မရောက်နိုင်ရင်တော့ ပုံဝိုးမှာပဲ ချပြီး အဲဒီက တဆင့် ပို့ပေးရမယ်၊ နေ့လယ်ကလည်း ရင်ကွဲတောင်ဘက်မှာ တိုက်ပွဲဖြစ်တာ ပြောင်းချိုးတဲ့ တောင်သူ ၃ဝ ကျော် ပိတ်မိနေလို့ လာခေါ်ဖို့ အကူအညီ တောင်းတာနဲ့ သွားပြီး ခေါ်ဆောင်ပေးခဲ့ရသေးတယ်။” ဟု ယင်းတိုက်ပွဲရှောင်များ ရှိရာ ကျေးရွာများသို့ ထောက်ပံ့ရေးပစ္စည်းများ သွားရောက် ကူညီလှူဒါန်းနေသည့် နောင်ပိန်အခြေစိုက် ကမ်းလှမ်းလက်များ လူမှုကူညီရေးအသင်းမှ ဦးနေအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်၊ မွန်းလွဲပိုင်းမှ စတင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တောင်ထိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ တိုက်ပွဲရှောင် ၇၀၀ ကျော်နှင့် ပုံဝိုးကျေးရွာသို့ တိုက်ပွဲရှောင် ၂၀၂ ဦး ရောက်ရှိ ခိုလုံနေကြကြောင်း ဦးနေအောင်ထံမှ သိရသည်။

.

ကျောက်မဲမြို့နယ်၏ တောင်ဘက် မိုင် ၃၀ ကျော်ခန့် အကွာ နမ့်မဟိန်၊ ခိုင်ခန့်၊ ပုံဝိုးကျေးရွာများတွင် အောက်တိုဘာ ၅ ရက်က ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ကျောက်မဲ ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ပေးနေရပြီး ယနေ့တွင် ရင်ကွဲတောင်ဘက်တွင် ထပ်မံ၍ တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About