ကျောက်မဲမြို့နယ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကျောက်မဲမြို့နယ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

မိုင်းထွန်း

.

ကျောက်မဲမြို့နယ်တွင် အောက်တိုဘာလ ၂၀ ရက်၊ နံနက် ၁၁ နာရီအချိန်ခန့်က အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။

.


 

ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာအုပ်စု၊ ပန်ပေါင်းကျေးရွာနေ အမျိုးသား တစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ ကျောက်မဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏ နေအိမ် ဧည့်ခန်း၏ အမြင့် ၈ ပေခန့်ရှိ တန်းတွင် အိပ်ယာခင်းဖြင့် ချည်နှောင်၍ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

Journal Download

Photo of three cats