ကမ္ဘောဇတိုင်း
.
ကလောမြို့နယ်၊ နန့်ပန်တက် စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းနှင့်
ယာဉ်နောက်လိုက်များအား Rapid Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေစဉ်
ယနေ့ အောက်တိုဘာလ ၁၄ ရက်၊ ညနေ ၄ နာရီခွဲခန့်က ကုန်တင်ယာဉ်နောက်လိုက် တစ်ဦးထံမှ
COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.
ယင်း COVID-19 ရောဂါ ပိုးတွေ့လူနာသည် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်နေ
အသက် ၂၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ရန်ကုန်မြို့မှ အေးသာယာမြို့သို့ ထွက်ခွာလာခြင်းဖြစ်ကာ
၎င်းနှင့်အတူ ယာဉ်တစ်စီးတည်း လိုက်ပါလာသူ ယာဉ်မောင်းတွင် ရောဂါပိုး တွေ့ရှိခြင်းမရှိကြောင်း
သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာအား ကလောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍
သီးသန့်ဆောင်၌ ထားရှိကာ ဆေးကုသမှု ခံယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ပိုးမတွေ့ရှိခဲ့သော
ယာဉ်မောင်းဖြစ်သူအား ကလောမြို့၊ ဓမ္မယာန လူငယ်ဖွံ့ဖြိုးရေး ကျောင်းသို့ ပို့ဆောင်၍
Facilities Quarantine ထားရှိကာ ဓါတ်ခွဲနမူနာ ရယူစစ်ဆေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သိရသည်။
.
ယင်း နန့်ပန်တက် စစ်ဆေးရေးဂိတ်တွင်ပင် ယနေ့ အောက်တိုဘာလ ၁၆ ရက်၊
နံနက်ပိုင်းကလည်း အိမ်စီးကားဖြင့် လာရောက်သည့် အမျိုးသား ၂ ဦး၌ COVID-19 ရာဂါပိုး တွေ့ရှိခဲ့ကြောင်း
သိရသည်။
.
No comments:
Post a Comment