ကမ္ဘောဇတိုင်း
.
ကလောမြို့၊ ပြည်သူ့ဆေးရုံအနီးတွင် ယနေ့ အောက်တိုဘာလ ၂ ရက်၊ နံနက်ပိုင်းက
အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်၊ ကလောတပ်နယ်မှ တန်ဖိုးသင့် ထမင်းဟင်းများနှင့် စားသောက်ကုန်များ
ရောင်းချပေးခဲ့ကြောင်း သိရသည်။
.
.COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ စားဝတ်နေရေး
အဆင်ပြေစေရန်နှင့် ကုန်ကျစရိတ် သက်သာစွာဖြင့် အာဟာရပြည့်ဝသော အစားအသောက်များကို စားသုံးနိုင်ရန်
ရည်ရွယ်၍ ယင်း ကဲ့သို့ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ ရောင်းချရာတွင် ထမင်းတစ်ပွဲလျှင် ၄၀၀ ကျပ်၊ ဟင်းတစ်ပွဲ
၁၅၀ ကျပ်၊ ကြက်ဥတစ်လုံး ၁၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး တပ်မတော်ထုတ်
ရွှေဖီဦးလက်ဖက်ရည်ထုပ်၊ နန်းမြိုင်ကော်ဖီမှုန့်ထုပ်၊ လက်သန့် ဆပ်ပြာခဲ၊ သွားတိုက်ဆေး၊
သွားတိုက်နံ၊ ဘီစကစ်၊ MEC 5 kg, 2 kg ပါ ဆန်အိတ်ငယ်တို့ကိုလည်း ရောင်းချပေးခဲ့ကြောင်း
သိရသည်။
.