မိုင်းကိုင်မြို့နယ်ရှိ ကျေးရွာ ၆ ရွာတွင် သောက်သုံးရေ ဖူလုံရေး စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းများ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, October 10, 2020

မိုင်းကိုင်မြို့နယ်ရှိ ကျေးရွာ ၆ ရွာတွင် သောက်သုံးရေ ဖူလုံရေး စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းများ ပြုလုပ်

ငြိမ်းသူရွှေ

.

မိုင်းကိုင်မြို့နယ်အတွင်းရှိ တုံလော၊ ဟိုနား၊ ခေးအုံအွေ့၊ စုံလော၊ လွိုင်နမ့်တောက်၊ နောင်တောင်း ကျေးရွာ ၆ ရွာတွင် သောက်သုံးရေ ဖူလုံရေး စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ သောက်သုံးရေ ဖူလုံရေး စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၊ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြု ရန်ပုံငွေများဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်းလုပ်ငန်းများမှာ လက်ရှိတွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

.


 

ယင်းကဲ့သို့ ကျေးရွာ ၆ ရွာ၌ စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက် ပြီးစီးပြီ ဖြစ်၍ အိမ်ခြေ ၁၀၉၅ ခုမှ လူဦးရေ ၄၉၅၂ ဦးအပြင် ကျွဲ/နွား တိရစ္ဆာန်များအတွက်ပါ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ ရရှိမည် ဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်းက ပြောသည်။

.

စိမ့်စမ်းရေ သွယ်တန်းခြင်းကို တုံလောကျေးရွာတွင် အရှည် ၅ မိုင်၊ ဟိုနားကျေးရွာတွင် အရှည် ၃ မိုင်၊ ခေးအုံအွေ့ကျေးရွာတွင် အရှည် ၃ မိုင်နှင့် စုံလောကျေးရွာတွင် ဂါလံ ၅၀၀၀ ဆံ့ရေစုကန် တစ်ကန်၊ ရေပိုက်အလုံး ၁၅၀၀ တို့အား ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေကျပ် ၁၁၀ ဒသမ ၆၂ သန်းဖြင့် လည်းကောင်း၊ လွိုင်နမ့်တောက်ကျေးရွာတွင် အရှည် ၅ မိုင်၊ နောင်တောင်းကျေးရွာတွင် အရှည် ၂ မိုင်အား ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၆၇ ဒသမ ၃၉ သန်းဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About