ကလောမြို့နယ်တွင် လိုင်စင်မဲ့ အရက်/ဘီယာများအား ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 11, 2020

ကလောမြို့နယ်တွင် လိုင်စင်မဲ့ အရက်/ဘီယာများအား ဖမ်းဆီး

ခွန်သန်းအောင်

.

ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ လွယ်အံကျေးရွာရှိ လိုင်စင်မဲ့ အရက်/ဘီယာများအား အောက်တိုဘာလ ၁၀ ရက်၊ ညပိုင်းတွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

.

ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ကျန်းမာရေးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ ကလောမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ လွယ်အံကျေးရွာရှိ ဈေးဆိုင်များတွင် ရောင်းချနေသည့် လိုင်စင်မဲ့ အရက်/ဘီယာများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.


 

ယင်းကဲ့သို့ ဖမ်းဆီးရာတွင် လွယ်အံကျေးရွာနေ ဒေါ်နှင်းနှင်းအေး ပိုင်ဆိုင်သည့် စတိုးဆိုင်အတွင်းမှ ခန့်မှန်းတန်ဖိုးငွေ ၁၂၉၂၀၀ ကျပ်ရှိ တရားဝင် ယစ်မျိုးအခွန် ထမ်းဆောင်ခြင်း မရှိဘဲ လိုင်စင်မဲ့ ယစ်မျိုးပစ္စည်းများ ဖြစ်သည့် GRAND ROYAL ၊ ROYAL CLUB ၊ GRAND ROYAL SMOOTH ၊ GRAND ROYAL SPECIAL ၊ MYANMAR BEER ၊ CHANG BEER အမှတ်တံဆိပ်ပါ အရက်/ဘီယာများအား လည်းကောင်း၊ ကိုကျော်မြတ်သူ ပိုင်ဆိုင်သည့် စားသောက်ဆိုင်အတွင်းမှ ခန့်မှန်းတန်ဖိုးငွေ ၁၀၈၀၀ ကျပ်ရှိ MYANMAR BEER ၊ GRAND ROYAL ၊ GRAND ROYAL SPECIAL အမှတ်တံဆိပ်ပါ အရက်/ဘီယာများအား လည်းကောင်း၊ ဒေါ်စန်းရီ ပိုင်ဆိုင်သည့် စတိုးဆိုင်အတွင်းမှ ခန့်မှန်းတန်ဖိုးငွေ ၉၉၃၀၀ ကျပ်ရှိ ABC BEER ၊ MYANMAR PREMIUM BEER ၊ GRAND ROYAL ၊ ROYAL CLUB ၊ GRAND ROYAL SMOOTH ၊ GRAND ROYAL SPECIAL ၊ MYANMAR BEER ၊ CHANG BEER အမှတ်တံဆိပ်ပါ အရက်/ဘီယာများအား လည်းကောင်း ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

.

အဆိုပါ တရားဝင် ယစ်မျိုးအခွန် ထမ်းဆောင်ခြင်း မရှိဘဲ လိုင်စင်မဲ့ ယစ်မျိုးပစ္စည်း အရက်/ဘီယာ လက်ဝယ် ထားရှိသူများအား ကလောမြို့မရဲစခန်းတွင် ယစ်မျိုးဥပဒေပုဒ်မ ၃၀(က)ဖြင့် ဖမ်းဆီး၍ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About