လဲချားမြို့နယ်ရှိ ကျေးရွာ ၃ ရွာတွင် အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် သောက်သုံးရေရရှိရေး ဆောင်ရွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 25, 2020

လဲချားမြို့နယ်ရှိ ကျေးရွာ ၃ ရွာတွင် အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် သောက်သုံးရေရရှိရေး ဆောင်ရွက်

ငြိမ်းသူ

.

လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းရှိ ဝမ်ကန်၊ ဝမ်ပန်နှင့် ဟိုနားကျေးရွာ ၃ ရွာတွင် အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် သောက်သုံးရေရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

.

အဆိုပါ ကျေးရွာ ၃ ရွာ သောက်သုံးရေ ရရှိရေးအတွက် ကျေးရွာပြည်သူ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ယူနီဆက်ဖ်တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး  ရေမီတာစနစ်ဖြင့် ရေပိုက်လိုင်း သွယ်တန်း ရာတွင် လိုအပ်သည့်ပိုက်များကို ယူနီဆက်မှ ထောက်ပံ့ခြင်း၊ ကျေးရွာမှ ပိုက်ဆက်ပစ္စည်းများဝယ်ယူခြင်း၊ ရေပိုက်လိုင်းတူးဖော်ခြင်း၊ ပိုက်ဆက်ခြင်းအတွက်လုပ်အားပေးခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအင်ဂျင်နီယာများမှ ရေပိုက်လိုင်းသွယ်တန်းရန်အတွက် ဒီဇိုင်းများရေးဆွဲခြင်း၊ လိုအပ်သောနည်းပညာအကူအညီများကို အနီးကပ်ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းသိရသည်။

.

ယင်း ကျေးရွာ ၃ ရွာ အိမ်တိုင်ရာ ရောက်ရေမီတာစနစ် ​ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါအိမ်ခြေ ၅၁၉ အိမ် မှ ​လူဦးရေ ၂၆၆၄ ဦးတို့အား အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေးအတွက်အ ကျိုးပြုမည်ဖြစ်ကြောင်း လဲချားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းစန္ဒာဝင်း ထံက သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About