.
“ဒီရွေးကောက်ပွဲမှာ အနိုင် ရခဲ့မယ်ဆိုရင် နန်းပန်မြို့ကလည်း မြို့နယ်အဆင့် မီသွားပြီ။ အဲ့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာ တောင်းဆိုလို့ ရပြီ။ လွှတ်တော်ကနေ တောင်းဆိုမယ်။ တောင်းဆိုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရင် ကျွန်တော်တို့ အင်းသူ/အင်းသား၊ အင်းမျိုးနွယ်တွေ (ဘဝကို) မြင့်တင်ပေးဖို့ အစီအစဉ် ရှိပါတယ်။”ဟု အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ တောင်ကြီးမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ညောင်ရွှေမြို့နယ်တွင် အင်းတိုင်းရင်းသား ၆၃ ရာခိုင်နှုန်းကျော် နေထိုင်လျက် ရှိကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားပြီး နန်းပန်မြို့အား မြို့နယ်အဖြစ် အဆင့် တိုးမြှင့်နိုင်ပါက အင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရရှိရေး တောင်းဆိုနိုင်ရန် ရည်ရွယ်ထားရှိခြင်း ဖြစ်ကြောင်း သိရသည်။
.
အင်းအမျိုးသားအဖွဲ့ချုပ်သည် ရှမ်းပြည်နယ်အတွင်း၌ မဲဆန္ဒနယ် ၆ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ပြီး ယင်းမဲဆန္ဒနယ်များ အားလုံးတွင် အနိုင် ရရှိမည်ဟု မျှော်မှန်းထားကြောင်းလည်း ဦးထွန်းထွန်းထံမှ သိရသည်။
No comments:
Post a Comment