ရွေး‌ကောက်ပွဲတွင် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ရှုံးမည်ဟု ပါတီ ဥက္ကဌ သုံးသပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ရွေး‌ကောက်ပွဲတွင် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ရှုံးမည်ဟု ပါတီ ဥက္ကဌ သုံးသပ်

ဆိုင်းနှောင်

.

လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်နေရာအားလုံးတွင် အကုန် ရှုံးနိုင်မည်ဟု သုံးသပ်ထားကြောင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည် မရှိကြောင်း အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

.

ကော်မရှင်အနေနဲ့ ပွင့်လင်း မြင်သာမှု မရှိဘဲ ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေကို အလေးမထားဘဲ ဆုံးဖြတ်တဲ့အတွက် ကျွန်တော်တို့ ပါတီအနေနဲ့ ကော်မရှင်ကို လုံးဝ အယုံအကြည် မရှိဘူးလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့လည်း မဲဆန္ဒနယ် အကုန် ရှုံးနိမ့်မယ်လို့ မျှော်မှန်းထားပါတယ်ဟု အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးဝင်းမြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် လာမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၃ နေရာ၌ ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ကာ ယင်းမဲဆန္ဒနယ် အားလုံးတွင် ရှုံးနိမ့်မည်ဟု ဥက္ကဌ ဦးဝင်းမြင့်က သုံးသပ်ခဲ့ခြင်း ဖြစ်သည်။

.


ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ နေရာတွေမှာ လက်ရှိတော့ ရခိုင်က အထိနာဆုံးပေါ့ ပြီးတော့ ရှမ်းနဲ့ ကချင်ပေါ့။ အခု ဖျက်သိမ်းလိုက်တဲ့ နေရာတွေက တိုင်းရင်းသားပါတီတွေ နိုင်မယ့် နေရာတွေလေ။ ဒါကြောင့် အခုလက်ရှိ ရှမ်း၊ ကချင်နဲ့ ရခိုင်ကို အထိနာအောင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လုပ်နေပါတယ်။ နောက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်တုန်းက ကော်မရှင်ဘက်ကနေ အစိုးရထံ အကြံဉာဏ် တောင်းတာ တွေ့ရတယ်။ တကယ်တမ်းဆို ကော်မရှင်က လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်တဲ့ အနေအထား ရှိတယ်၊ အစိုးရ သဘောထား မလိုဘူးလေ။” ဟု ဦးဝင်းမြင့်က ဆက်လက် ပြောဆိုခဲ့သည်။

.

အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ အနေဖြင့် အနိုင် ရရှိခဲ့ပါက လွှတ်တော် အတွေ့အကြုံ ရှိသည့်အတွက် အင်းလေးဒေသအတွင်း လျှပ်စစ်မီး နေရာအနှံ့ ရရှိရေးကို အဓိက ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရှုံးနိမ့်ခဲ့ပါကလည်း အင်းလေးကန် စိမ်းလမ်းရေးအတွက် လွှတ်တော်ပြင်ပမှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

.

အင်းအမျိုးသား ဖွံ့ဖြိုးတက်ရေးပါတီ ဥက္ကဌ ဦးဝင်းမြင့်သည် ပထမအကြိမ်အစိုးရ (၂၀၁၁ ခုနှစ်) သက်တမ်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

.

Journal Download

Photo of three cats