စောဦး (ရတနာမြေ)
.
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ နမ္မတူမြို့နယ်အတွင်းရှိ
လူမှုကူညီရေးအသင်းများသို့ ကူညီကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးပို့လှူဒါန်းခဲ့ကြောင်း
သိရသည်။
.
.
အဆိုပါ ပေးပို့လှူဒါန်းလာသည့် အထောက်အကူပြု ပစ္စည်းများအား အောက်တိုဘာလ
၈ ရက်၊ နေ့လယ်ပိုင်းက နမ္မတူ မြို့လယ်ဓမ္မာရုံတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ
ဦးဆန်းလွင်နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဝင်းကိုတို့က လူမှုကူညီရေးအသင်းများအား
လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
.
ICRC မှ နမ္မတူမြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းများဖြစ်သော
မိတ်ဆွေကောင်း နာရေးကူညီမှုအသင်း အတွက် HI ၂ ခု၊ Spine Board Stretcher ၂ ခု၊ Head
Immobilzer ၂ ခုနှင့် Stretcher ၂ ခု အားလည်းကောင်း၊ မေတ္တာရှင် နာရေးလူမှုကူညီရေးအသင်းအတွက် HI-Low Stretcher ၂ ခု၊ Spine Board Stretcher ၂ ခု၊ Head
Immobilzer ၂ ခုနှင့် Stretcher ၂ ခု အားလည်းကောင်း၊ ဆီလိန်ခမ်း လူမှုကူညီရေးအသင်းအတွက်
HI-Low Stretcher ၁ ခု၊ Spine Board Stretcher ၁ ခု၊ Head Immobilzer ၁ ခုနှင့်
Stretcher ၁ ခု အားလည်းကောင်း၊ နမ္မတူမြို့နယ် ကြက်ခြေနီလူမှုဂရုဏာအသင်းအတွက်
Spine Board Stretcher ၁ ခု၊ Head Immobilzer ၁ ခုနှင့် Stretcher ၁ ခု အားလည်းကောင်း
အသီးသီး ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment