ကျေးသီးမြို့နယ်၌ ရပ်ထားသည့် ဆီဘောက်ဆာယာဉ်ပေါ်မှ ငွေကျပ်သိန်းပေါင်း ၃၆၀၀၀၀ တန်ဖိုးရှိ အိုက်စ်များကို ပိုင်ရှင်မဲ့ သိမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, October 15, 2020

ကျေးသီးမြို့နယ်၌ ရပ်ထားသည့် ဆီဘောက်ဆာယာဉ်ပေါ်မှ ငွေကျပ်သိန်းပေါင်း ၃၆၀၀၀၀ တန်ဖိုးရှိ အိုက်စ်များကို ပိုင်ရှင်မဲ့ သိမ်းမိ

ကျေးသီးမြို့နယ်အတွင်း၌ ​ဆီဘောက်ဆာယာဉ်ပေါ်မှ ငွေကျပ်သိန်းပေါင်း ၃၆၀၀၀၀ တန်ဖိုးရှိ အိုက်စ်များကို ပိုင်ရှင်မဲ့ အဖြစ် အောက်တိုဘာလ ၁၄ ရက်၊ ည​နေက သိမ်းဆည်းရမိခဲ့​ကြောင်း သိရသည်။

.



​ကျေးသီးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေ ၅ နာရီခန့်တွင် မိုင်းနောင်-မိုင်းနင်းသွားကားလမ်း၌ရပ်တန့်ထားသည့် DONG FENG အမျိုးအစား ဆီဘောက်ဆာယာဉ်အမှတ်၊ MDY 2R/--- အားတွေ့ရှိသဖြင့် စစ်ဆေးရာ ဆီသိုလှောင်ကန် အကန့် ၂ ကန့်အတွင်းမှ ဆာလာအိတ်များအတွင်း သိုဝှက်သယ်ဆောင်ထားသည့် ၁ ကီလိုဂရမ်ခန့်စီပါ အိုက်စ်မူးယစ်ဆေးဝါးအထုပ် ၁၈၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၃၆၀၀၀၀) ကို တွေ့ရှိ၍ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်​ကြောင်း တပ်မ​တော် သတင်းမှန်ပြန်ကြား​ရေးအဖွဲ့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား လွိုင်လင်မြို့ မူးယစ်တပ်ဖွဲ့စုသို့ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About