ချစ်လှ
.
လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ အိုရီယမ်တယ် တိုးလ်ဂိတ်အနီးတွင်
အောက်တိုဘာလ ၁၄ ရက်၊ ညပိုင်းက လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
အမှတ် (၄) မူးယစ်တပ်ဖွဲ့စု (လားရှိုး)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၄ ရက်၊ ည ၇ နာရီအချိန်ခန့်က သိန္နီမြို့မှ ကွတ်ခိုင်မြို့အထွက်
အိုရီယမ်တယ် တိုးလ်ဂိတ်အနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်
စစ်ဆေးရာနေရာနှင့် မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ဗြုန်းတောင်အနီးတွင် မသင်္ကာဖွယ်ရာ
ယာဉ်တစ်စီး ရပ်တန့်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ကွတ်ခိုင်မြို့ဘက်မှ သိန္နီမြို့
ဘက်သို့ ကားခေါင်းလှည့်၍ရပ်တန့်ထားသော CROWN အမျိုးအစား ခဲရောင်ယာဉ်အား တွေ့ရှိရပြီးစစ်ဆေးရာ
ကွတ်ခိုင်မြို့နယ်နေ ယာဉ်မောင်း လီစီချီအား ယာဉ်ပေါ်တွင် အသင့်တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
ထို့နောက် ယာဉ်အား ဆက်လက်စစ်ဆေးခဲ့ရာ ယာဉ်၏နောက်ခန်းအံဝှက် အတွင်း
သယ်ဆောင်လာသည့် P320 ဆူဂါအမျိုးအစား 9mm ကျည်ကတ်ပါသေနတ် ၁ လက်၊ .25CZ-92 အမျိုးအစား
ကျည်ကတ်ပါ မိန်းမကိုင်သေနတ် ၁ လက်၊ အမေရိကန်နိုင်ငံထုတ် GLOCK Gem-4 9mm ကျည်ကဒ်ပါ
သေနတ် ၁ လက်၊ သြစတြေးလျနိုင်ငံထုတ် GLOCK
9mm ကျည်ကတ်ပါ သေနတ် ၁ လက်၊ တရုတ်နိုင်ငံထုတ် Type-81(ပါရီ)ခေါင်ဒင်သေနတ် ၁
လက်၊ တရုတ်နိုင်ငံထုတ် Type-81(ပါရီ) သေနတ် ၁ လက်၊ Type-56 M22 ၁ လက်၊ M22 ကျည်ဘောက်(ကော်)
၁၂ ခု၊ M22 ကျည်ဘောက် (သံ) ၃ ခု၊ M22 ကျည် ၁၂၉၀ တောင့်၊ 7.62 စက်လက်ကျည် ၉၀၀ တောင့်၊
.22ကျည် ၂၀၀ တောင့်၊ 9mm Luger ကျည် ၁၀၀ တောင့် တို့အားသိမ်းဆည်းရမိ ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ
လီစီချီ အား သိန္နီမြို့မရဲစခန်းတွင် (ပ)၈၅/၂၀၂၀ ရှမ်းလက်နက်၁၂(ခ)ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment